၂၀၂၂ ခုနှစ် တရုတ်ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များဆိုင်ရာနေ့ - “အရင်းအမြစ်နှင့်စိတ်ဝိညာဉ် - တရုတ်နိုင်ငံ နီရှာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ဗီဒီယိုအတိုများ ထုတ်လွှင့်တင်ဆက်မှု”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-13 16:12:58



ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များသည် လူသားမျိုးနွယ်တို့၏ အဖိုးတန်ရတနာများပင်ဖြစ်ပြီး လူ့ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ယဉ်ကျေးမှုများ အပြန်အလှန် လေ့လာသင်ယူခြင်းတို့ကို ပိုမိုမြှင့်တင်ပေးသည့် အရေးပါသော ကြားခံတစ်ခုလည်း ဖြစ်သည်။ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ၊ နီရှာ့(Ningxia) ဟွေ(Hui)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ တရုတ်နိုင်ငံ နီရှာ့(Ningxia)ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကဏ္ဍတွဲ ဗီဒီယိုအတိုများကို တင်ဆက်ပြီး ကမ္ဘာတစ်ဝှမ်းသို့ နီရှာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တစ်မူထူးခြားသော ယဉ်ကျေးမှုအလှတရားများကို ပြသသွားမည် ဖြစ်ပါသည်။


နီရှာ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝစွာ ရှိသည်။ ယခုတင်ဆက်မှုသည် ဒေသဆိုင်ရာ ထူးခြားချက်ဝိသေသလက္ခဏာများ ပါရှိသော နီရှာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်မျာအား ကိုယ်စားပြုဖော်ဆောင်သည့် အကြောင်းအရာများကို အဓိကထား၍ နီရှာ့သမိုင်းကြောင်းများ၊ သဘာဝတရားနှင့် ယဉ်ကျေးမှုအရင်းအမြစ်များကို ပေါ်လွင်စွာ တင်ဆက်သွားမည် ဖြစ်ပါသည်။


ဤအစီအစဉ်တွင် “ရတနာရှစ်မျိုးလက်ဖက်ရည်ကြမ်း ဖျော်စပ်ခြင်းအတတ်ပညာ” ၊ “လျှော်ကျစ်ခြင်းလက်မှုအတတ်ပညာ” နှင့် “ဟယ်လန်(Helan)မင်သွေးကျောက်ပျဉ် ထွင်းလုပ်ခြင်းအတတ်ပညာ” စသည့် နီရှာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အား ကိုယ်စားပြုဖော်ဆောင်သည့် အကြောင်းအရာသုံးခုကို တင်ဆက်ပြီး နီရှာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်၏ တစ်မူထူးခြားသည့် ဆွဲဆောင်အားများကို အတူတကွ ခံစားမိစေမည် ဖြစ်ပါသည်။ 



ရတနာရှစ်မျိုးလက်ဖက်ရည်ကြမ်း ဖျော်စပ်ခြင်းအတတ်ပညာ


ရတနာရှစ်မျိုးလက်ဖက်ရည်ကြမ်းသည် အဖိုးတန်ရှားပါးသော ကုန်ကြမ်းပစ္စည်းရှစ်မျိုးကို အတူတူ ရောထည့်၍ ဖျော်စပ်ထားခြင်းဖြစ်သည်။ ဤအတတ်ပညာကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည်မှာ နှစ်ပေါင်းရာချီပြီ ဖြစ်သည်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော ရှေးရိုးနည်းလမ်းကို လိုက်နာကျင့်သုံးသည့်အပြင် ဆန်းသစ်မှုပုံစံအသစ်များလည်း ထပ်ပေါင်းထည့်ကာ ဖျော်စပ်ထားသောကြောင့် လက်ဝင်လှပါသည်။ ထို့ကြောင့်လည်း များပြားစုံလင်လှသည့် တရုတ်ရိုးရာ အစားအသောက်ယဉ်ကျေးမှုထဲတွင် ထင်ရှားသော အတတ်ပညာတစ်ခု ဖြစ်နေပါတော့သည်။




လျှော်ကျစ်ခြင်းလက်မှုအတတ်ပညာ


လျှော်ကျစ်ခြင်းလက်မှုအတတ်ပညာတွင် ရိုးရာလက်မှုအနုပညာရှင်များ၏ ကဗျာအတွေးများ၊ ဇာတိမြေလွမ်းဆွတ်မှုများနှင့် မြောက်မြားစွာသော လက်မှုအနုပညာရှင်များ၏ ကျွမ်းကျင်ပိုင်နိုင်လှသည့် အတတ်ပညာများဖြင့် ပေါင်းစည်းဖြစ်တည်လာသော လက်မှုအနုပညာရှင် စိတ်ဓာတ်ခံယူချက်များ ပါဝင်နေပါသည်။




ဟယ်လန်(Helan)မင်သွေးကျောက်ပျဉ် ထွင်းလုပ်ခြင်းအတတ်ပညာ


ဟယ်လန်(Helan)မင်သွေးကျောက်ပျဉ်သည် ရှေးယခင်ကတည်းက စုတ်တံ၊ မင်ရည်၊ စက္ကူတို့နှင့်အတူ တရုတ်ရိုးရာ စာကြည့်ခန်းရတနာလေးမျိုးဟု သတ်မှတ်ခြင်းခံခဲ့ရလေသည်။ မင်သွေးကျောက်ပျဉ် တစ်ခုစီတိုင်းတွင် လှပသော နောက်ကွယ်အကြောင်းအရာ တစ်ခုစီ ရှိနေပါသည်။