၂၀၂၂ ခုနှစ် တရုတ်ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များဆိုင်ရာနေ့ - “တရုတ်နိုင်ငံ၏ တိဗက်မြေမှ နှုတ်ခွန်းဆက်စကား” ဗီဒီယိုအတိုများ ထုတ်လွှင့်တင်ဆက်မှု

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-06-11 15:23:17


WeChat Image_20220611131637.jpg


ဇွန်လ (၁၁)ရက်နေ့တွင် ကျရောက်သော တရုတ်ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များဆိုင်ရာနေ့ကို ကြိုဆိုခြင်းအထိမ်းအမှတ်အနေဖြင့် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာသည် တရုတ်-နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးစင်တာ၊ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယဉ်ကျေးမှုဦးစီးဌာနတို့နှင့်အတူ “တရုတ်နိုင်ငံ၏ တိဗက်‌မြေမှ နှုတ်ခွန်းဆက်စကား” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုအတိုများကို တင်ဆက်ကာ ကမ္ဘာတစ်ဝှမ်းအား သူမတူထူးခြားသော ဆွဲဆောင်မှုအလှတရားများ အပြည့်ရှိသည့် တိဗက်ယဉ်ကျေးမှုများကို ပြသသွားမည်ဖြစ်ပါသည်။


WeChat Image_20220611131649.jpg



တိဗက်ဝတ်စုံ


တိဗက်ရိုးရာဝတ်စုံ၏ ယဉ်ကျေးမှုသမိုင်းကြောင်းသည် ကြာရှည်လှပြီး အသွင်အစုံအလင်ရှိကာ တစ်မူထူးခြားသော ဆွဲဆောင်မှုများရှိသည်။ တိဗက်ရိုးရာဝတ်စုံ၏ အဆင်ဒီဇိုင်း၊ ပစ္စည်းအရည်အသွေးနှင့် ဝတ်ဆင်ပုံဝတ်ဆင်နည်းများ အားလုံးတို့သည် တိဗက်ဒေသ၏ တစ်မူထူးခြားသည့် ပထဝီဝင်အနေအထားနှင့် ဒေသခံပြည်သူများ၏ ဘဝနေထိုင်မှုပုံစံများနှင့် ဆက်စပ်ပတ်သက်နေပါသည်။




တိဗက်အက


တိဗက်လူမျိုးများသည် အဆိုအက ကျွမ်းကျင်တတ်မြောက်သော တိုင်းရင်းသားလူမျိုးများဖြစ်ပြီး “စကားပြောတတ်လျှင်ပင် သီချင်းဆိုတတ်သည်။ လမ်းလျှောက်တတ်လျှင်ပင် ကတတ်သည်” ဟူသော နာမည်ဂုဏ်ပုဒ်ပင် ရှိပါသေးသည်။ တိဗက်တေးသီချင်းများသည် ရှေးရိုးကျ သဘာဝဆန်ပြီး တိဗက်အကများသည် မြူးထူးတက်ကြွသည်။ “တိဗက်အက” ဗီဒီယိုအတိုတွင် တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကိုယ်စားပြုစာရင်းဝင် တိဗက်အက (၁၈)မျိုးကို တင်ဆက်ပြသထားကာ ကြည့်ရှုသူပရိသတ်များအတွက် တိဗက်ယဉ်ကျေးမှု၏ သူမတူထူးခြားချက် ဆွဲဆောင်မှုများကို ရရှိခံစားစေမည် ဖြစ်ပါသည်။


WeChat Image_20220611131705.jpg


တိဗက်အမွှေးနံ့သာ


တိဗက်အမွှေးနံ့သာ ပြုလုပ်မှုပညာတွင် တရုတ်နိုင်ငံ တိဗက်ရိုးရာယဉ်ကျေးမှု၏ အနှစ်သာရများ ပြည့်နှက်ပါဝင်ကာ တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကိုယ်စားပြုစာရင်းဝင်အဖြစ် ထည့်သွင်းသတ်မှတ်ခံရပြီး ဖြစ်သည်။ တိဗက်အမွှေးနံ့သာသည် အဓိကအားဖြင့် အဝါရောင်၊ အနက်ရောင်၊ အနီရောင်တို့ရှိပြီး အမွှေးတိုင်ပုံစံ၊ လုံးချွန်ပုံစံနှင့် အမှုန့်ပုံစံများ ရှိပါသည်။