နဂါးလှေလှော်ပြိုင်ပွဲတော်အား ထူးခြားစေမည့် “နဂါးလှေလှော်ပြိုင်ပွဲတော် အံ့ဖွယ်ခရီးစဉ်”
ဗီဒီယိုကို Henan Broadcasting System Marketing Technology Center မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
နဂါးလှေလှော်ပြိုင်ပွဲတော်ကို တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်၊ ချင်းမင်ပွဲတော် (တရုတ်သင်္ချိုင်းကန်တော့ပွဲ)၊ ဆောင်းဦးလယ်လမုန့်ပွဲတော်တို့နှင့်အတူ တရုတ်ရိုးရာပွဲတော်ကြီးလေးခုအဖြစ် သတ်မှတ်ကြသည်။ ဤပွဲတော်သည် မင်္ဂလာကျက်သရေ ဆောင်ကြဉ်းခြင်း၊ ပျော်ပွဲရွှင်ပွဲ ကျင်းပဂုဏ်ပြုခြင်းနှင့် အစားအသောက်ယဉ်ကျေးမှုများကို တစ်စုတည်း ပေါင်းစည်းထားသည့် ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ဓလေ့ထုံးတမ်းများ အသွင်စုံလင်ပြီး စည်ကားသိုက်မြိုက်လှပေသည်။
“လှပျိုမေတို့ သွင်ပြင်ဟန်”
နဂါးလှေလှော်ပြိုင်ခြင်းနှင့် ကောက်ညှင်းထုပ်စားခြင်းသည် နဂါးလှေလှော်ပြိုင်ပွဲတော်၏ ဓလေ့ထုံးတမ်းကြီးနှစ်ရပ်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ရှေးယခင်ခေတ်ကတည်းက ယနေ့တိုင် စဉ်ဆက်မပြတ် အဆင့်ဆင့် လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့ကြသည်။ နဂါးလှေလှော်ပြိုင်ပွဲတော်ယဉ်ကျေးမှုသည် ကမ္ဘာတစ်ဝှမ်း လွှမ်းမိုးမှု ကျယ်ပြန့်ပြီး ကမ္ဘာ့နိုင်ငံအချို့နှင့် ဒေသအချို့တွင်လည်း နဂါးလှေလှော်ပြိုင်ပွဲတော်အား ဂုဏ်ပြုကြိုဆိုသည့် လှုပ်ရှားမှုပွဲများ ကျင်းပလေ့ရှိကြသည်။
“နဂါးလှေလှော်ပြိုင်ပွဲတော်ဆုတောင်းပူဇော်ခြင်း”
“နဂါးလှေလှော်ပြိုင်ပွဲတော် အံ့ဖွယ်ခရီးစဉ်” သည် တရုတ်ရိုးရာပွဲတော်၏ ယဉ်ကျေးမှုအနှစ်သာရများကို လုံးဝအသစ်ဖြစ်သော အနုပညာဖော်ထုတ်မှုပုံစံများဖြင့် ပရိသတ်များထံ တင်ဆက်သွားမည် ဖြစ်ပါသည်။
“လန်းလင်မင်း(Lanling)၏ တိုက်ပွဲဝင်တေး”