တရုတ်ရိုးရာပွဲတော်အက - "အိပ်မက်ထဲမှ ကြာပဒုမ္မာ"

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-31 14:41:13


ဗီဒီယိုနှင့် ဓာတ်ပုံများကို Henan Television(HNTV)မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20220331093746.jpg



“အိပ်မက်ထဲမှ ကြာပဒုမ္မာ”


ပန်းတစ်ပွင့် ကမ္ဘာတစ်ခု၊ စိတ်နှလုံးသည် ကြာပဒုမ္မာအလား။ “အိပ်မက်ထဲမှ ကြာပဒုမ္မာ” အစီအစဉ်သည်  “ရေပြင်လရိပ်ကွမ်ရင်”အပေါ် စိတ်ကူးဉာဏ်ကွန့်မြူးဖန်တီးထားခြင်းဖြစ်ပြီး ကြာပန်း၏ ရှုထောင့်မှနေ၍ ဘဝ၏ ဟန်ချက်ညီ စည်းဝါးကိုက်သော လှုပ်ရှားမှုနှင့် အလှရသများကို ထိတွေ့ခံစားကာ တင့်တယ်ကြော့ရှင်းသော ကကွက်ကဟန်များဖြင့် ကြာပန်း၏ မြင့်မြတ်စင်ကြယ်မှုနှင့် အဆင့်အတန်းမြင့်မားမှုတို့ကို သရုပ်ဖော်ပြသနေပါသည်။


WeChat Image_20220607112312.jpg


“ရွှန်းစိုတောက်ပစွာ၊ မင်္ဂလာကြာပဒုမ္မာ၊

ငွားငွားစွင့်စွင့်၊ ရေပြင်ထက်ပွင့်”


“ရိုးတံထီးထီး၊ စိမ်းရောင်လွှမ်းပြီး၊

ပန်းနှစ်ပွင့်ဝယ်၊ မျှဝေအနီရယ်။”


WeChat Image_20220607112315.jpg


အကသမား၏ ခြေလှမ်းတိုင်းတွင် ကြာပဒုမ္မာများ ပွင့်လန်းလာပုံနှင့် ပြိုင်ဘက်ကင်းလှပသော ကကွက်ကဟန်များသည် သူမတူထူးခြားသည့် အရှေ့တိုင်းအနုသုခုမပညာရပ်ကို ထင်ဟပ်ဖော်ဆောင်နေပြီး ထိုမှတစ်ဆင့် ဗုဒ္ဓအတွေးအခေါ်၏ အလှတရားနှင့် ယင်းတွင်ပါရှိသည့် ဒဿနဆိုင်ရာ အနက်သဘောများကို ခံစားလေ့လာနိုင်ပါသည်။