တရုတ်ရိုးရာပွဲတော်အက - “ဒဏ္ဍာရီလာ ငှက်စိမ်းပြာ၏ ခါနွေဦးကို တမ်းတကြိုဆိုခြင်း”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-24 14:20:22


ဗီဒီယိုနှင့် ဓာတ်ပုံများကို Henan Television(HNTV)မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။


WeChat Image_20220324101941.jpg



“ဒဏ္ဍာရီလာ ငှက်စိမ်းပြာ၏ ခါနွေဦးကို တမ်းတကြိုဆိုခြင်း”


ဒဏ္ဍာရီလာ ငှက်စိမ်းပြာ (Qingniao)သည် အရောင်အသွေး တောက်ပြောင်လှပပြီး ကျက်သရေတင့်တယ်သော အဆင်းသွင်ပြင်ရှိကာ ဒဏ္ဍာရီအရ နတ်မျိုးနွယ်ဝင် မင်္ဂလာအတိတ်နိမိတ်ဆောင် ငှက်တစ်မျိုးဖြစ်သည်။ ယင်းအား နောင်လာနောက်သားများက ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေးသည့် တမန်တော်ငှက်ဟု  မှတ်ယူကြသည်။


WeChat Image_20220524093515.jpg


“ချစ်သူ့အရပ် မဝေးသော်ငြား၊ ရောက်ဖို့ရန်လည်း မတတ်ပြီမို့၊

ချစ်ရသူထံ လွမ်းကြောင်းကိုယ်စား၊ ငှက်စိမ်းပြာအား ပါးပေးစေလို။”


“ရပ်ဝေးကြင်သူ့ အမှာစကား၊ ငှက်စိမ်းပြာဖြင့် မပါးလိုက်ပေ၊

မိုးစက်များကြား Lilac ပန်းမှာ၊ အလွမ်းစိတ်ငယ် တိုးပေးလို့နေ။”


WeChat Image_20220524093521.jpg


ဤအစီအစဉ်သည် ယူနန်ပြည်နယ် ချန်ကျန်းမြို့ (Chengjiang)ရှိ ဖူရှန်းရေကန် (Fuxian)အား နောက်ခံရှုခင်းအဖြစ် ရိုက်ကူးထားခြင်းဖြစ်သည်။ ယင်းအကတွင် ဒဏ္ဍာရီလာငှက်စိမ်းပြာမှ ကောင်းကင်ယံထက်သို့ ပျံသန်း၍ သာယာစိမ်းစိုသော နွေဦးရာသီအငွေ့အသက်များ ယှက်သန်းလွှမ်းခြုံနေသည့် ခံစားမှုမျိုးကို ပေးစွမ်းတင်ဆက်ထားသည်။