တရုတ်ရိုးရာပွဲတော်အက - “အနှောင်အဖွဲ့ကင်းခြင်း”
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-10 15:34:12
“အနှောင်အဖွဲ့ကင်းခြင်း”
ဤအစီအစဉ်သည် ယွင်ထိုင်တောင် (Yuntai) နှင့် ဟူခိုရေတံခွန် (Hukou) တို့၏ အပြင်မြင်ကွင်းများကို နောက်ခံထားရိုက်ကူးထားခြင်းဖြစ်သည်။ ထန်မင်းဆက်ခေတ်မှ နာမည်ကျော် ကဗျာဆရာကြီး လီပိုင် (Li Bai) ၏ တစ်မူထူးခြားဟန်ဖြစ်သည့် လွတ်လပ်၍ အနှောင်အဖွဲ့ကင်းသော စိတ်ခံစားချက်အတိုင်း ပြန်လည်အသက်သွင်းပုံဖော်ထားပြီး ကဗျာ၊ အရက်ယမကာတို့၏ ခံစားမှုရသနှင့် ဓားသမားသူရဲကောင်းတို့၏ အချုပ်အနှောင်ကင်း၍ လွတ်လွတ်လပ်လပ်ရှိမှုတို့ကို တစ်သားတည်းအဖြစ် ပေါင်းစည်းကာ တွေးခေါ်ယူဆမှု၊ ဓာတ်သဘောစွမ်းအင်နှင့် ခွန်အားတို့ ပြီးပြည့်စုံစွာ ရောယှက်ပေါင်းစပ်ထားသည့် အကအဖြစ် ဖန်တီးတင်ဆက်ထားပါသည်။