တရုတ်ရိုးရာပွဲတော်အက - "ရှောင်လင်ကွန်ဖူး"
“ရှောင်လင်ကွန်ဖူး”
ဤအစီအစဉ်သည် တရုတ်နိုင်ငံ မဟာတောင်တန်းကြီး (၅)တောင်၏ အလယ်ဗဟိုတောင်ဖြစ်သော စုန်းစန်းတောင် (Song Shan) ရှိ ရှောင်လင်ကျောင်းတော်၏ ကွမ်ရင်ကျောင်းဆောင်အတွင်းရှိ “ရှောင်လင်သိုင်းကျမ်း” အမည်ရ နံရံဆေးရေးပန်းချီ၏ အကြောင်းအရာများကို အခြေခံ၍ တင်ဆက်ထားခြင်းဖြစ်သည်။ XR နည်းပညာကို အသုံးပြု၍ နံရံဆေးရေးပန်းချီ၏ မြင်ကွင်းများကို တစ်ဖန်ပြန်လည် အသက်သွင်းထားပြီး အကသမားများ၏ နံရံဆေးရေးပန်းချီကားထဲရှိ ကမ္ဘာထဲသို့ ဝင်ရောက်၍ ရှောင်လင်ဘုန်းတော်ကြီးများနှင့်အတူ သိုင်းသရုပ်ပြနေသည့် ရင်သပ်ရှုမောဖွယ်ပြကွက်များမှတစ်ဆင့် အမျိုးမျိုးအဖုံံဖုံပြောင်းလဲ၍ အနုပညာပြောင်မြောက်လှသည့် ရှောင်လင်ကွန်ဖူးပညာရပ်ကို တင်ဆက်ပြသထားပါသည်။
သိုင်းသင်တန်းသားလေးနှင့် ကွန်ဖူးသိုင်းဆရာတို့၏ အပြန်အလှန်ပြောဆိုနေသော စကားများမှတစ်ဆင့် “ကွန်ဖူးပညာကို သင်ယူတတ်မြောက်လိုပါက အပတ်တကုတ် ကြိုးပမ်းအားထုတ်ရမည်” ၊ “အခက်အခဲများကို ကြောက်ရွံ့ခြင်းမရှိပဲ စိန်ခေါ်မှုများကို ရဲရဲရင့်ရင့် ရင်ဆိုင်ရမည်” ၊ “မိမိကိုယ်ကို အောင်နိုင်၍ မူလရည်မှန်းချက်ပန်းတိုင်ကို တန်ဖိုးထားထိန်းသိမ်းရမည်” ဟူသည့် သိုင်းကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်ခံယူချက်များကို ရှင်းလင်းဖော်ပြထားပါသည်။