တင်ဆက်ရှုစား တရုတ်ပွဲတော်များ - နွေဥတုအကြောင်းအရာမိတ်ဆက်

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-05-05 17:03:25


ဗီဒီယိုကို  China Daily Website မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



WeChat Image_20220505093820.png


“တရုတ်ပွဲတော်များ” ကဏ္ဍတွဲဆိုင်ရာ ဗီဒီယိုအတိုများတွင် တရုတ်နိုင်ငံ၏ ရိုးရာပွဲတော်နှင့် ရာသီချိန် ခေါင်းစဉ်အကြောင်းအရာများကို ဗဟိုပြု၍ ကာတွန်းရုပ်ပုံနှင့် သဘာဝအပြင်မြင်ကွင်းတို့ကို ပေါင်းစပ်ထားသည့်ပုံစံဖြင့် တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုများကို မိတ်ဆက်ကာ ရိုးရာပွဲတော်၏ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ယနေ့ခေတ်လူမှုဘဝ‌တို့၏ ရောယှက်ပေါင်းစပ်လာမှုများကို ဖော်ပြထားပါသည်။


WeChat Image_20220505093830.png


တရုတ်ပြည်‌တစ်ခွင်သည် ဖားအော်သံနှင့် ပုစဉ်းရင်ကွဲမြည်သံများအကြားတွင် နွေဥတုကြီးကို ရောက်ရှိကြိုဆို၍ လာနေပါပြီ။ နွေဥတု၏ ရာသီချိန်များတွင် ခါနွေပျိုးစရာသီချိန် (Li Xia) ၊ သီးနှံပြည့်ဖြိုးအောင်မြင်စရာသီချိန် (Xiao Man) ၊ ရိတ်သိမ်းမုယော၊ စိုက်ပျိုးကောက်နှံရာသီချိန် (Mang Zhong) ၊ နွေယဉ်စွန်းရာသီချိန် (Xia Zhi) ၊ နွေပူအိုက်ခါစရာသီချိန် (Xiao Shu) နှင့် နွေအပူပြင်းဆုံးရာသီချိန် (Da Shu) တို့ ပါဝင်သည်။ ရာသီချိန်များ ရွေ့လျားပြောင်းလဲလာသည်နှင့်အမျှ ပူပြင်းသော အချိန်ကာလကို တဖြည်းဖြည်း ရောက်ရှိလာပြီဖြစ်ကာ ကောက်ပဲသီးနှံပင်များ သန်စွမ်းကြီးထွား၍ ယာလုပ်ငန်းဆောင်တာများ ‌ထွေပြောများပြားလှသည့် ရာသီကာလ ဖြစ်ပေသည်။