တရုတ်ရိုးရာပွဲတော်အက - “ကြိုးကြာငှက်တို့ ပျံသန်း၊ ဌာနေအပြန်လမ်း”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-27 13:35:02


WeChat Image_20220331093746.jpg



“ကြိုးကြာငှက်တို့ ပျံသန်း၊ ဌာနေအပြန်လမ်း” 


“ကျက်သရေမင်္ဂလာဆောင် ကြိုးကြာငှက်” ဆိုသကဲ့သို့ပင် သက်ရှည်ကျန်းမာမှုနှင့် မင်္ဂလာအတိတ်နိမိတ်ကောင်းတို့ကို ကိုယ်စားပြုသည့် ကြိုးကြာငှက်သည် ညခင်းကောင်းကင်ယံထက်တွင် ပျံဝဲ၍ လူ့လောကအတွက် မင်္ဂလာအပေါင်းနှင့် ပျော်ရွှင်ချမ်းမြေ့မှုတို့ကို ဆောင်ကြဉ်းပေးသည်။ “ကြိုးကြာငှက်တို့ ပျံသန်း၊ ဌာနေအပြန်လမ်း” အစီအစဉ်တွင် တင်ဆက်သူမှ ကြိုးကြာငှက်အသွင်ဆောင်၍ ပျော့ပျောင်းတင့်တယ်သော ကကွက်လှုပ်ရှားမှုများမှတစ်ဆင့် “ကြိုးကြာ”၏  ဟန်အမူအရာနှင့် အလှရသခံစားမှုတို့ကို တင်ဆက်ပြသထားပြီး “ကြိုးကြာ”၏ သန်မာမှုနှင့် ခွန်အားတို့ကို ဖော်ပြနေပါသည်။



နန်းတော်၏ ကြီးကျယ်ခမ်းနားလှသည့် မြင်ကွင်းကို အခြေခံ၍ ခမ်းနားထည်ဝါသည့် လော့ရန်မြို့ (Luoyang)၏ သဘာဝအပြင်မြင်ကွင်းနှင့် မျက်လှည့်ဆန်ဆန် ရုပ်ရှင်အထူးဖန်တီးပုံဖော်မှုတို့ကို အပြန်အလှန် ပေါင်းစပ်ပြီး နတ်ပြည်နှင့်လူ့ပြည်လောကများကို သွားချည်ပြန်ချည် ပြုလုပ်နေသည့် စိတ်ကူးယဉ်ဆန်ဆန် အံ့ဖွယ်ကမ္ဘာတစ်ခုကို ဖန်တီးကာ “ကြိုးကြာ”ဖြင့် ဆန္ဒဆုမွန်ကောင်းများကို သယ်ဆောင်လာပါသည်။