တရုတ်ရိုးရာပွဲတော်အက - "ဇာမဏီမောင်နှံတူစုံယှဉ် ကောင်းခြင်းမင်္ဂလာနိမိတ်အသွင်"
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-21 14:58:06
“ဇာမဏီမောင်နှံတူစုံယှဉ် ကောင်းခြင်းမင်္ဂလာနိမိတ်အသွင်"
ဤအစီအစဉ်သည် ကိုးနှစ်လုံးဆင့်ပွဲတော် (Chongyang or Double Ninth Festival) ၏ ရှေးဟောင်းဒဏ္ဍာရီအပေါ် အခြေခံဖန်တီးထားခြင်း ဖြစ်သည်။ ကမ္ဘာလောကကြီးတွင် ဒဏ္ဍာရီလာနတ်ငှက်တစ်မျိုးရှိပြီး ယင်းသည် မီးတောက်မီးလျှံများအကြားတွင်လည်း အသစ်တစ်ဖန် ပြန်လည်ရှင်သန်မွေးဖွားနိုင်သည်။ “ဇာမဏီအလှ”သည် တရုတ်လူမျိုးများ၏ ကိုယ်စိတ်နှစ်ဖြာချမ်းသာ၍ မင်္ဂလာအပေါင်းခညောင်းပြီး အဆိုးအညံ့မှန်သမျှအားလုံး ကင်းဝေးစေလိုသည့် ကောင်းမွန်သော စိတ်ဆန္ဒများကို ထင်ဟပ်ဖော်ပြနေပါသည်။
အဓိကအနုပညာဖန်တီးမှုအဖွဲ့သည် အနက်သဘော နက်နဲသိမ်မွေ့သော ဖန်တီးပုံဖော်မှုများဖြင့် ကမ္ဘာတစ်ဝှမ်းတွင် Covid-19 ကပ်ရောဂါကြီး အမြန်ဆုံး ပပျောက်ကင်းရှင်းစေလိုသော ထက်သန်ပြင်းပြသည့် မျှော်လင့်ချက် ခံစားမှုရသကို ပေါ်လွင်စေပါသည်။