၂၀၂၂ ခုနှစ် "ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး" - ယူနန်ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များနှင့်အတူ နှစ်သစ်ကူးခြင်း

အရင်းအမြစ် - 仰光中国文化中心ထုတ်ပြန်ချိန် - 2022-02-15 12:52:38


WeChat Image_20220215104826.jpg


ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုသည်မှာ တိုင်းရင်းသားလူမျိုးအသီးသီးမှ ခေတ်အဆက်ဆက် အဆင့်ဆင့် လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ပြီး ၎င်းယဉ်ကျေးမှုအမွေအနှစ် ဖွဲ့စည်းမှုအစိတ်အပိုင်းများ၏ ရိုးရာယဉ်ကျေးမှုဖော်ဆောင်သော သဏ္ဌာန်အမျိုးမျိုးနှင့် ရိုးရာယဉ်ကျေးမှုဖော်ဆောင်ခြင်းသဏ္ဌာန်နှင့် ပတ်သက်သော အရာဝတ္ထုနှင့် နေရာများအဖြစ် တွေးမြင်မှတ်ယူကြသည်။


WeChat Image_20220215104845.jpg


တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်းတွင် တည်ရှိသော ယူနန်သည် လူမှုယဉ်ကျေးမှု၏ အရေးပါသည့် ဖြစ်တည်ရာမြေများအနက်မှ တစ်နေရာဖြစ်ပြီး ရှည်ကြာသော သမိုင်းကြောင်းနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအနှစ်သာရများကို ပိုင်ဆိုင်ထားပါသည်။ ယူနန်သားများ၏ ကာလကြာမြင့်စွာ ဖွဲ့စည်းဖြစ်ပေါ်လာသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများသည် အသွင်သဏ္ဌာန်စုံလင်လှပြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုစီတိုင်းသည် ဒေသတစ်ခုစီ၏ အလှတရားဖြစ်တည်မှုများကို မှတ်တမ်းတင်ထားပါသည်။


WeChat Image_20220215104849.jpg


ယနေ့တွင် ယူနန်၏ ဒေသအထင်ကရများဖြစ်သော “ရှာ့ကွမ်းထော်လက်ဖက်ခြောက် (Xiaguan Tuo Cha)” ၊ “ပိုင်တိုင်းရင်းသားတို့၏ ဘုရားနတ်ဒေဝဆုတောင်းကန်တော့ပွဲ” နှင့် “တာလီ(Dali) သုံးလပိုင်းပွဲဈေးလမ်း” စသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် သုံးရပ်ကို လေ့လာပြီး ယူနန်ရိုးရာယဉ်ကျေးမှုဓလေ့ ဆွဲဆောင်မှုများကို အတူတကွ ခံစားကာ ယူနန်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များနှင့်အတူ နှစ်သစ်ကူးကြရအောင်လားရှင်။




ဗီဒီယို (၁) - ရှာ့ကွမ်းထော်လက်ဖက်ခြောက် (Xiaguan Tuo Cha)



ဗီဒီယို (၂) - ပိုင်တိုင်းရင်းသားတို့၏ ဘုရားနတ်ဒေဝဆုတောင်းကန်တော့ပွဲ



ဗီဒီယို (၃) - တာလီ(Dali) သုံးလပိုင်းပွဲဈေးလမ်း