တရုတ်ရိုးရာ မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်းဟင်းလျာ သင်ကြားခြင်း - ချိုချဉ်အနှစ်ဆမ်း ဝက်သားကြွပ်ကြွပ်ကြော်နှင့် မင်္ဂလာလေးပါးဝက်သားလုံး
ဗီဒီယိုကို ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန နိုင်ငံတကာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်လူမျိုးများ၏ မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်းသည် အိမ်သားများ စုံစုံညီညီ လက်ဆုံစားကြသည့် ထမင်းဝိုင်းဖြစ်ပြီး နှစ်ကုန်သည့်အချိန်ဆိုလျှင် အိမ်သားများအတွက် အရေးကြီးဆုံးသော ထမင်းတစ်နပ် ဖြစ်ပေသည်။
မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်းသည် နှစ်သစ်မရောက်ခင်အချိန်၏ ခမ်းနားလေးနက်သော အခန်းကဏ္ဍ ဖြစ်ပြီး စုံလင်များပြားရုံသာမက မင်္ဂလာအနက်အဓိပ္ပာယ် သက်ရောက်မှုနှင့် ပတ်သက်သော အယူများစွာလည်း ရှိပါသည်။
ယနေ့တွင် မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်း၌ တည်ခင်းလေ့ရှိသည့် ဟင်းလျာပုံစံများဖြစ်သော “ချိုချဉ်အနှစ်ဆမ်း ဝက်သားကြွပ်ကြွပ်ကြော်” နှင့် “မင်္ဂလာလေးပါးဝက်သားလုံး” ဟင်းလျာနှစ်မျိုးကို အားလုံးအား သင်ကြားပြသပေးသွားမည်ဖြစ်၍ စမ်းလုပ်ကြည့်ပြီး အိမ်သားများနှင့် အတူတူ မြည်းစမ်းကြည့်ကြရအောင်လားရှင်။
ဗီဒီယို(၁) – “ချိုချဉ်အနှစ်ဆမ်း ဝက်သားကြွပ်ကြွပ်ကြော်”
ဗီဒီယို (၂) – “မင်္ဂလာလေးပါးဝက်သားလုံး”