“တရုတ်ရိုးရာရာသီချိန် (၂၄)ခု - နွေဦး” ကာတွန်းဗီဒီယိုအတို မိုးသားကြည်လင်ရာသီချိန်(Qing Ming)နှင့် သီးနှံတိုးမိုးရာသီချိန်(Gu Yu)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-04-05 15:26:56


WeChat Image_20220405094242.jpg


ယနေ့သည် မိုးသားကြည်လင်ရာသီချိန်ဟု အနက်ရှိသည့် ချင်းမင်ပွဲတော်နေ့ (Qing Ming) ဖြစ်ပါသည်။ တရုတ်သင်္ချိုင်းကန်တော့ပွဲဟူ၍ အများရင်းနှီးကြသည့် ဤချင်းမင်ပွဲတော် (Qing Ming)သည် နဂါးလှေလှော်ပြိုင်ပွဲတော်၊ နွေဦးနှစ်သစ်ကူးပွဲတော်၊ ဆောင်းဦးလယ်လမုန့်ပွဲတော်များနှင့်အတူ တရုတ်ရိုးရာပွဲတော်ကြီး (၄)ခုအဖြစ် သတ်မှတ်ခံရပြီး ခါနွေဦးချိန် မြို့ပြင်အလည်အပတ်ခရီးထွက် ရာသီပွဲတော် ဟူ၍လည်း ခေါ်စမှတ်ပြုကြသည်။ ချင်းမင်ပွဲတော်‌ (Qing Ming)သည် ရှေးယခင်ခေတ်ရှိ ဘိုးဘေးများအပေါ် ယုံကြည်သက်ဝင်မှုနှင့် နွေဦးပူဇော်ကန်တော့ခြင်း ဓလေ့ထုံးတမ်းများမှ အစပြုဆင်းသက်လာခြင်းဖြစ်ပြီး သဘာဝတရားနှင့် လူမှုယဉ်ကျေးမှု အနက်အဓိပ္ပာယ်သဘော နှစ်ရပ်လုံး ပါဝင်‌ကာ သဘာဝရာသီချိန်တစ်ခုဖြစ်သကဲ့သို့ ရိုးရာပွဲတော်တစ်ခုလည်း ဖြစ်ပေသည်။



ဗီဒီယို (၁) - မိုးသားကြည်လင်ရာသီချိန် (Qing Ming)


သီးနှံတိုးမိုးရာသီချိန် (ခေါ်) ကူယွီရာသီချိန် (Gu Yu)၏ အမည်ကို “မိုးရေချိန်များခြင်းကြောင့် ကောက်ပဲသီးနှံမျိုးစုံ ဖြစ်ထွန်းအောင်မြင်သည်” ဟူသော အနက်အဓိပ္ပာယ်မှ မှည့်ခေါ်ရယူထားခြင်းဖြစ်ပြီး တရုတ်ရိုးရာရာသီချိန် (၂၄)ခုအနက်မှ ဆဋ္ဌမမြောက်ရာသီချိန်ဖြစ်ကာ နွေဦးရာသီ၏ နောက်ဆုံးသော ရာသီချိန်လည်း ဖြစ်ပေသည်။ “သီးနှံတိုးမိုး တို့စိုက်ပျိုး၊ ဗူးဖရုံပဲအမျိုးမျိုး” ဟူ၍ပင် ပြောဆိုလေ့ရှိကြပြီး သီးနှံတိုးမိုးရာသီချိန် (Gu Yu)သည် တရုတ်လူမျိုးတို့၏ ထောင်စုနှစ်ချီသော လယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှု၏ အသိဉာဏ်ပညာများကို ပေါင်းစပ်‌စုစည်းထား‌သည့် ရာသီချိန်များအနက်မှ တစ်ခုဖြစ်ပါသည်။


ဤအစီအစဉ်တွင် ကာတွန်းသရုပ်ဖော်ပုံစံဖြင့် သင့်အတွက် မိုးသားကြည်လင်ရာသီချိန် (Qing Ming)နှင့် သီးနှံတိုးမိုးရာသီချိန် (Gu Yu)၏ အကြောင်းအရာများကို တင်ဆက်‌ပေးသွားမည် ဖြစ်ပါသည်။ 



ဗီဒီယို (၂) - သီးနှံတိုးမိုးရာသီချိန် (Gu Yu)


¦¦-«--++¦°íñ¦¦--·-¦ú¦¿(1).jpg