ဇာတိယူနန်မြေ ပန်းတို့၏သခင် - သစ်ခွပန်း
ဗီဒီယိုကို Mingala News မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
"တရုတ်သစ်ခွ" ဟူသည် တရုတ်နိုင်ငံတွင် ဖြန့်ကြက်ပေါက်ရောက်သော သစ်ခွမျိုးစိတ်များအနက်မှ အချို့သော "မြေပေါက်သစ်ခွ" ကိုသာ ရည်ညွှန်းသည်။ ဤသစ်ခွပန်းအမျိုးအစားသည် ကြံ့ခိုင်သန်မာခြင်းနှင့် နူးညံ့ပျော့ပျောင်းခြင်း ဂုဏ်သတ္တိနှစ်မျိုးလုံးကို ပိုင်ဆိုင်ထားရှိပြီး ရှည်လျားဖြောင့်မတ်၍ လွတ်လပ်စွာ ရှင်သန်ပွင့်လန်းသည်။ ပန်းအရောင်အသွေး ရိုးစင်းတင့်တယ်ပြီး ပန်းရနံ့ ရှင်းသန့်သင်းပျံ့သည်။ ပန်း၏ ဟန်ပန်သွင်ပြင်မှာလည်း ခံ့ညားထည်ဝါလှသဖြင့် သိမ်မွေ့ရိုးရှင်းပြီး စင်ကြယ်မြင့်မြတ်သော ဟိတ်ဟန်ရှိသည်။
ခေတ်အဆက်ဆက်မှ စာပေပညာရှင်များသည် သစ်ခွပန်းများကို စွဲမက်ခုံမင်ကြသဖြင့် သစ်ခွပန်းကို “တရုတ်ဆီးပန်း၊ ဝါးပင်၊ ဂန္ဓမာပန်း” တို့နှင့်အတူ တွဲဖက်၍ “သခင်လေးပါး” ဟု သတ်မှတ်ခေါ်ဝေါ်ကြသည်။ ပုံမှန်အားဖြင့် ကဗျာစာပေအလှကို ဖော်ပြရာတွင် "兰章 (Lanzhang)" ဟူ၍ လည်းကောင်း၊ စစ်မှန်သော ခင်မင်ရင်းနှီးမှုကို ဖော်ပြရာတွင် "兰交 (Lanjiao)" ဟူ၍ လည်းကောင်း စသည်ဖြင့် "သစ်ခွ" ဟု အဓိပ္ပာယ်ရသည့် "兰 (Lan)" ကို ထည့်သွင်း၍ တင်စားသုံးနှုန်းလေ့ ရှိကြသည်။ ထို့အပြင် ဖြူစင်သော ချစ်ခြင်းမေတ္တာကိုလည်း သစ်ခွပန်းနှင့် ခိုင်းနှိုင်း၍ တင်စားဖော်ပြလေ့ရှိပါသည်။
ပန်းတို့၏သခင်ဖြစ်သော သစ်ခွပန်းများက သင့်အား ယူနန်ပြည်နယ်တွင် စောင့်မျှော်လျက် ရှိပါသည်။
ဓာတ်ပုံများကို အင်တာနက်မှ ကူးယူဖော်ပြထားပါသည်။