(၇၂)နှစ်တိုင် တွဲလက်တူယှဉ် ဆွေမျိုးပေါက်ဖော်သံယောဇဉ် “မြန်မာ-တရုတ်ရှုမျှော်ခင်း အလှတရား၊ ပေါက်ဖော်သံယောဇဉ် နက်ရှိုင်းစေသား” ဗီဒီယိုနှင့် ဓာတ်ပုံပြပွဲ
“ပေါက်ဖော်သံယောဇဉ်ခိုင်ခိုင်မာ၊ သမိုင်းကာလရှည်ရှည်ကြာ” ဆိုသကဲ့သို့ ဆွေမျိုးပေါက်ဖော်သံယောဇဉ်သည် သမိုင်းကာလရှည်ကြာလာသည့်အလျောက် ပို၍ ခိုင်မာလာပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသည် တောတောင်ရေမြေ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး နှစ်နိုင်ငံပြည်သူအချင်းချင်း ခင်မင်ရင်းနှီး၍ စာပေယဉ်ကျေးမှုများ အပြန်အလှန် ဆက်စပ်နေပါသည်။ သို့ဖြစ်၍ “ပေါက်ဖော်သံယောဇဉ်”သည် နှစ်ပေါင်းထောင်ချီ ကြာမြင့်သည့်တိုင် ဆက်လက် ခိုင်မြဲနေဆဲပင် ဖြစ်သည်။ ၁၉၅၀ ခုနှစ်၊ ဇွန်လ (၈)ရက်နေ့ မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တရားဝင် စတင်ထူထောင်ချိန်မှစ၍ နှစ်နိုင်ငံအကြား အစဉ်တစိုက် နားလည်မှု အပြန်အလှန် ထားရှိပြီး စစ်မှန်ရိုးသားစွာ ပေါင်းသင်းဆက်ဆံလာခဲ့ကြသည်။ နယ်ပယ်အသီးသီးရှိ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း ချစ်ကြည်ရင်းနှီးစွာ လုပ်ကိုင်လာခဲ့ရင်း အောင်မြင်မှုအသီးအပွင့်များစွာ ဆွတ်ခူးရရှိခဲ့ပါသည်။ အထူးသဖြင့် ရာစုနှစ်အသစ်တစ်ခုသို့ ဝင်ရောက်လာချိန်မှစတင်၍ နှစ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် သိပ္ပံနည်းပညာ အစရှိသည့် နယ်ပယ်ကဏ္ဍများ၌ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဘက်ပေါင်းစုံမှ တွန်းအားပေးလုပ်ဆောင်ရင်း နှစ်နိုင်ငံပြည်သူများ၏ ရိုးရာမပျက် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကိုလည်း စဉ်ဆက်မပြတ် တိုးတက်လာစေခဲ့ပါသည်။
Beautiful Myanmar
Beautiful China
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၂) နှစ်ပြည့် ဂုဏ်ပြုခြင်းအထိမ်းအမှတ်အဖြစ် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ “မြန်မာ-တရုတ်ရှုမျှော်ခင်း အလှတရား၊ ပေါက်ဖော်သံယောဇဉ် နက်ရှိုင်းစေသား” ဗီဒီယိုနှင့် ဓာတ်ပုံပြပွဲကို ကျင်းပပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ၏ သာယာလှပသော သဘာဝရှုမျှော်ခင်းများ၊ နက်ရှိုင်းသော သမိုင်းဝင်ယဉ်ကျေးမှုများနှင့် တစ်မူထူးခြားသော ရိုးရာဓလေ့ထုံးတမ်းများကို တင်ဆက်ရင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ ရိုးရာမပျက် "ပေါက်ဖော်" ချစ်ကြည်ရေးကို လက်ဆင့်ကမ်း မျှဝေသွားမည် ဖြစ်ပါသည်။
အံ့ဖွယ် ချုံချင့်မြို့ (Chongqing) - ဆောင်းဦးရာသီ အငွေ့အသက်များ ပြည့်နှက်နေသော ချွီထန်လျှိုမြောင် (Qutang) (တရုတ်နိုင်ငံ)
တနင်္သာရီတိုင်းဒေသကြီး (မြန်မာနိုင်ငံ)
တားကူရေခဲမြစ် (Dagu) (တရုတ်နိုင်ငံ)
မန္တလေးမြို့ (မြန်မာနိုင်ငံ)
ကျိုဟွာတောင် (Jiuhua) ဥတုလေးပါးအလှမြင်ကွင်း (တရုတ်နိုင်ငံ)
စစ်ကိုင်းတိုင်းဒေသကြီး (မြန်မာနိုင်ငံ)
ထည်ဝါလှပသော ဟောင်ကောင်မြို့ (တရုတ်နိုင်ငံ)
ပြင်ဦးလွင်မြို့ (မြန်မာနိုင်ငံ)
ပါ့ဆန့် (Bashang) မြက်ခင်းပြင် ဥတုလေးပါးအလှမြင်ကွင်း (တရုတ်နိုင်ငံ)
ငွေဆောင်ကမ်းခြေ (မြန်မာနိုင်ငံ)
ဖုန်ခိုးငွေ့များထောင်းထောင်းထ မြင်းစီးမြင်ကွင်းအလှ (တရုတ်နိုင်ငံ)
ကရင်ပြည်နယ် (မြန်မာနိုင်ငံ)
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းရှိ လှပသော ဆုန်းလင်ဆီးနှင်းရွာ (Songling) (တရုတ်နိုင်ငံ)
ရှမ်းပြည်နယ်မြောက်ပိုင်း (မြန်မာနိုင်ငံ)
အိမ်အပြန်လမ်း (တရုတ်နိုင်ငံ)
ကယားပြည်နယ် (မြန်မာနိုင်ငံ)
ယွိလုံနှင်းတောင် (Yulong) (တရုတ်နိုင်ငံ)
ကျိုက်မှော်ဝန်းရေလယ်ဘုရား (မြန်မာနိုင်ငံ)
ရေစပ်ဌာနေ နွေဦးမနက်ခင်းအချိန် - ကျဲ့ကျန်းပြည်နယ် (Zhejiang) ရှိ ရှီးထန်မြို့ဟောင်း (Xitang) (တရုတ်နိုင်ငံ)
ငွေဆောင်ကမ်းခြေ (မြန်မာနိုင်ငံ)
ရီးချွန်းမြို့(Yichun) အရုဏ်ဦးလင်းရောင်ခြည် (တရုတ်နိုင်ငံ)
ရှမ်းပြည်နယ်တောင်ပိုင်း (မြန်မာနိုင်ငံ)
သစ်ရွက်နီများဖုံးလွှမ်းနေသော ရှေရှန့်လမ်းမ (Shixiang) (တရုတ်နိုင်ငံ)
ရန်ကုန်မြို့ (မြန်မာနိုင်ငံ)
“Beautiful Myanmar” ဗီဒီယိုကို YTV(Digital Free to air)နှင့် CHINA YUNNAN MEDIA GROUP တို့မှ ပူးပေါင်းစီစဉ် ထုတ်လုပ်ထားပါသည်။
“Beautiful China” ဗီဒီယိုကို တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ စီစဉ်ထုတ်လုပ်ထားပါသည်။
မြန်မာနိုင်ငံ၏ ရှုခင်းဓာတ်ပုံများကို မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(Myanmar Hotelier Association)မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။
တရုတ်နိုင်ငံ၏ ရှုခင်းဓာတ်ပုံများကို www.travelchina.org.cn နှင့် Beijing Sunny International Communications Ltd. တို့မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။