၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” “ရှင်းကျန်းသို့ အွန်လိုင်းမှလည်ပတ်ခြင်း - ဆောင်းရာသီခရီးစဉ်”ကို အပြန်အလှန်ပုံစံဖြင့် လေ့လာခံစားခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-02-14 15:13:17


WeChat Image_20220214102129.jpg


“ရှင်းကျန်းသို့ အွန်လိုင်းမှလည်ပတ်ခြင်း - ဆောင်းရာသီခရီးစဉ်”ကို အပြန်အလှန်ပုံစံဖြင့် လေ့လာခံစားခြင်း အစီအစဉ်တွင် လက်ရေးဆွဲကာတွန်း H5 အပြန်အလှန်လေ့လာခံစားမှု ပရိုဂရမ်ပုံစံဖြင့် ရှင်းကျန်းဒေသ (Xinjiang)၏ ဆောင်းရာသီအလှတရားများကို တင်ဆက်ဖော်ပြထားပါသည်။ ပရိုဂရမ်တွင် နှင်းလျှောဘုတ်စီးခြင်း (Snowboard)၊ ရေခဲပြင်စွတ်ဖားစီးခြင်း (Bobsleigh)၊ ဆီးနှင်းပြင်‌မော်တော်ဆိုင်ကယ်စီးခြင်း အစရှိသည့် ဆောင်းရာသီအားကစားများကို ထည့်သွင်းထားပြီး ချစ်စဖွယ်ကာတွန်းရာသီခွင် ကျားလေး “တုန်းတုန်း” (Dongdong)မှ ပရိသတ်များအတွက် ဆီးနှင်းပြိုင်ပွဲများကို လေ့လာကြည့်ရှုရန် ခေါ်ဆောင်သွားမည် ဖြစ်ပါသည်။


WeChat Image_20220214102139.jpg


ပြိုင်ပွဲကျင်းပရာ ပြေးလမ်းကြောင်းနှစ်ဖက်တွင် ထိုလမ်းကြောင်းပေါ်ရှိ အထင်ကရ နေရာလေးများကို နှိပ်လိုက်ခြင်းဖြင့် ရှင်းကျန်းဒေသ (Xinjiang)၏ ရှားပါးသတ္တဝါမျိုးစိတ်နှင့် ရုက္ခပင်များ၊ တစ်မူထူးခြားသော မြေမျက်နှာသွင်ပြင်များ၊ များပြားစုံလင်သော လူမှုယဉ်ကျေးမှုဆိုင်ရာ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ VR မြင်ကွင်းကျယ် ရှုခင်းဓာတ်ပုံများ အစရှိသည်တို့ကို လေ့လာကြည့်ရှုနိုင်ပါသည်။ ပရိသတ်များအား “ကစားရင်း လေ့လာခံစားရင်း” ပုံစံဖြင့် အပြန်အလှန် လေ့လာခံစားမှု ပုံရိပ်ယောင်ရှုခင်းများအကြားတွင် ရှင်းကျန်းဒေသ (Xinjiang)ကို  အွန်လိုင်းမှတစ်ဆင့် လည်ပတ်ကြည့်ရှုရင်း နှင်းငွေမှုန်ဖြူလွှာများ လှလှပပ တဝေဝေ ဖုံးလွှမ်းနေကာ လင်းလက်တောက်ပ သာယာလှပသော ရှင်းကျန်းဒေသ (Xinjiang)ကို ခံစားရစေမည် ဖြစ်ပါသည်။



Website သို့ ဝင်ရောက်ရန် Link : 

https://spring.3rdplanet.com.cn/sinkiangcloud/wintertour/index.html


Website သို့ ဝင်ရောက်ရန် QR Code :


WeChat Image_20220214102215.jpg


WeChat Image_20220214102210.jpg