၂၀၂၂ ခုနှစ် "ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး" တရုတ်နှင့်ပြည်ပအနုပညာရှင်များ ပူးပေါင်းဖျော်ဖြေတင်ဆက်သော "ပွဲတော်ပဏာမတေး"

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-02-08 13:44:46


WeChat Image_20220125151851.jpg


၂၀၂၂ ခုနှစ် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် အခါသမယတွင် ကမ္ဘာတစ်ဝှမ်းမှ ဂီတအနုပညာရှင်များသည် မိမိတို့၏ ထူးခြားသော ဂီတတူရိယာများကိုယ်စီဖြင့် တရုတ်တေးရေးဆရာ ရှေးဝမ့်ချွန်း (Shi Wanchun) ရေးစပ်ထားသည့် တိုင်းရင်းသားသံစုံတီးဝိုင်းတေးဂီတ “ပွဲတော်ပဏာမတေး” ကို အတူတကွ တီးမှုတ်ဖျော်ဖြေ တင်ဆက်ခဲ့ကြပါသည်။ တရုတ်၊ အင်ဂိုလာ၊ ဂျာမနီ၊ ရုရှား၊ အမေရိကန်၊ ပေါ်တူဂီ၊ ယူကရိန်းနှင့် အီတလီနိုင်ငံတို့မှ ဂီတပညာရှင်များသည် CGTN ၏ ရုပ်သံကင်မရာမှတစ်ဆင့် အမျိုးပေါင်း ဆယ်ချီသော ဂီတတူရိယာများကို အဆင့်မြင့်ဂီတစွမ်းရည်များဖြင့် “ကြားခံဖန်သားပြင်ခြား” ပူးပေါင်းတီးမှုတ် ဖျော်ဖြေခဲ့ကြပြီး တေးဂီတဖြင့် မေတ္တာများကို ဖော်ကျူးတင်ပြကာ တေးဂီတဖြင့် မိတ်ဆွေဖွဲ့ကြလေသည်။ အရာခပ်သိမ်းတို့မှ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို ကြိုဆိုနေကြချိန်၌ ကမ္ဘာတစ်ဝှမ်းသို့ စစ်မှန်သော နွေဦးနှစ်သစ်ကူးဆုမွန်ကောင်းများ ပို့သရင်း တရုတ်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ အင်တာနက်သုံးစွဲသူမိတ်ဆွေများအား နှလုံးသားချင်း ချိတ်ဆက်ပေးလိုက်ပါသည်။



ဗီဒီယို - “ပွဲတော်ပဏာမတေး”