၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” - တရုတ်ရသခံစားမှု စီချွမ် စားကောင်းသောက်ဖွယ်ခရီးစဉ် - ဇီကုန့်မြို့နှင့် လောင်ကျုံးမြို့
ဇိကုန့်မြို့ (Zigong) တွင် နှစ်ပေါင်း (၂၀၀၀) သက်တမ်းရှိ ဆားလုပ်ငန်းယဉ်ကျေးမှုရှိပြီး နှစ်ထောင်ချီဆားမြို့တော် ဟူ၍ပင် သတ်မှတ်ခေါ်ဝေါ်ကြသည်။ ဇိကုန့်တွင်းထွက်ဆားသည် ဤဒေသရှိ အစားအသောက်ကောင်းများအတွက် အဖိုးတန်လှသည့် ကုန်ကြမ်းအဖြစ် ထောက်ပံ့ပေးပြီး အရသာ ခပ်လေးလေး၊ ခပ်ပြင်းပြင်းနှင့် စုံစုံလင်လင်ရှိသည့် ထူးခြားချက်လက္ခဏာများနှင့် ပြည့်စုံသော ဇိကုန့်ဟင်းလျာတွဲအဖြစ် ဖန်တီးဖြစ်ပေါ်လာစေပါသည်။
ဇိကုန့်မြို့ (Zigong)၊ နှစ်ထောင်ချီဆားမြို့တော်
တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်သည် တရုတ်လူမျိုးများ၏ အကြီးကျယ်ဆုံးနှင့် အခမ်းနားဆုံးသော ရိုးရာပွဲတော် ဖြစ်သည်။ လောင်ကျုံးမြို့သည် “တရုတ်နွေဦးနှစ်သစ်ကူးပွဲ ရိုးရာတို့၏ ဌာနေမြေ” ဖြစ်ပြီး တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ကျရောက်လာတော့မည့် အချိန်အခါသမယတွင် စီချွမ်ပြည်နယ် (Sichuan) လောင်ကျုံးမြို့ (Langzhong) သို့ အရောက်လာ၍ တရုတ်စားကောင်းသောက်ဖွယ်များကို မြည်းစမ်း၍ တရုတ်ရိုးရာပွဲတော်ကို ခံစားရန် ဖိတ်ခေါ်ရင်း ကမ္ဘာတစ်ဝှမ်းမှ ပြည်သူပြည်သာများအားလုံး တရုတ်နွေဦးနှစ်သစ်ကူးတွင် ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်း ဆန္ဒမွန်ပြုအပ်ပါသည်။
လောင်ကျုံးမြို့ (Langzhong) ၊ တရုတ်နွေဦးနှစ်သစ်ကူးပွဲ ရိုးရာတို့၏ ဌာနေမြေ