၂၀၂၂ ခုနှစ် "ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး" - လက်ဆောင်မွန်နှင့် ပွဲတော်ထူး၊ တူစုံပျော်သည့် တရုတ်နှစ်ကူး
၂၀၂၂ ခုနှစ်သည် တရုတ်ရိုးရာကျားနှစ် ဖြစ်သည်။ တရုတ်နှစ်သစ်ကူးချိန်ရောက်တိုင်း ကျွန်ုပ်တို့သည် ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများအား ဆုတောင်းမေတ္တာများ ပို့သပေးပြီး တရုတ်နှစ်သစ်ကူးလက်ဆောင်များ ပေးကြပါသည်။ တွန်းဟွမ်(Dunhuang)ရုဘစ်ကုဗတုံး၊ ဥစ္စာဓနနတ်မင်းကောင်းချီးမင်္ဂလာရေခွက်၊ ကျားနှစ်အရုပ်ဆက်ကတ်၊ ကြာကူစာပေ(တိရစ္ဆာန်အရိုးခွံပေါ်၌ ရေးထိုးထားသောစာပေ)လက်ဆောင်ဘူး……စသည့် ပြတိုက်ယဉ်ကျေးမှုဖန်တီးမှုများသည် တရုတ်နိုင်ငံ၏ ဇာတ်ကြောင်းပုံပြင်များကို ဖော်ပြနေသည့်အပြင် တရုတ်နှစ်သစ်ကူးကြိုဆိုခြင်း မျှော်လင့်ချက်များလည်း ပါဝင်နေပေသည်။ နှစ်သစ်ကူးကြိုဆိုခြင်းလက်ဆောင်ကို သင်ဖွင့်ဖောက်ကြည့်ပြီးလျှင် မည်ကဲ့သို့သော အံ့ဩပျော်ရွှင်မှုမျိုးက သင့်ကို စောင့်ဆိုင်းနေမည်ကို ရှုစားကြည့်ပါ။
“လက်ဆောင်မွန်နှင့် ပွဲတော်ထူး၊ တူစုံပျော်သည့် တရုတ်နှစ်ကူး” သည် ကျွန်ုပ်တို့အား ကမ္ဘာ့နေရာအရပ်ရပ်မှ မိတ်ဆွေများ၏ တရုတ်နှစ်ကူးလျှို့ဝှက်လက်ဆောင်ဘူး ဖွင့်ဖောက်သည့် အပြုံးအပျော်များကို အတူတကွ ဗီဒီယိုဖြင့် မှတ်တမ်းတင်ဝေမျှစေပြီး တရုတ်နိုင်ငံယဉ်ကျေးမှုများကို သိရှိကာ တရုတ်နှစ်သစ်ကူးပျော်ရွှင်မှုများကို ခံစားမိစေပါသည်။