၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” - တရုတ်ဖျော်ဖြေတင်ဆက်မှုအနုပညာဖြင့် တရုတ်နွေဦးနှစ်သစ်ကူးကို ဂုဏ်ပြုကြိုဆိုခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-02-06 02:37:27


WeChat Image_20220206091729.jpg


“တရုတ်ဖျော်ဖြေတင်ဆက်မှုအနုပညာဖြင့် တရုတ်နွေဦးနှစ်သစ်ကူးကို ဂုဏ်ပြုကြိုဆိုခြင်း”  အစီအစဉ်သည် တရုတ်နိုင်ငံ အမျိုးသား ဘဲလေးအကအဖွဲ့၊ အမျိုးသား ရိုးရာ‌တေးဂီတ သံစုံတီးဝိုင်းအဖွဲ့နှင့် ယူနန်ပြည်နယ် ဟုန်ဟယ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ အဆိုအကအဖွဲ့ အဖွဲ့အစည်း(၃)ခုမှ အနုပညာတင်ဆက်မှု အရင်းအမြစ်များကို ရွေးချယ်တင်ဆက်ထားပြီး နွေဦးနှစ်သစ်ကူးပွဲတော်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ထည့်သွင်းပေါင်းစပ်ထားကာ ဗီဒီယိုအတိုသဏ္ဌာန်ဖြင့် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။ ယင်းတို့အဖွဲ့၏ ကိုယ်စားပြုနိုင်စွမ်းအရှိဆုံး အစီအစဉ်များဖြစ်သော ဘဲလေးအက “နှစ်သစ်ကူးခြင်း”၊ ရိုးရာ‌တေးဂီတ “တောက်ပသော နေရောင်အောက်ဝယ်”၊ ရီတိုင်းရင်းသား ရိုးရာအက “လရောင်အောက်က အားရှိလူမျိုးအက”များကို  ရွေးချယ်တင်ဆက်ထားသည်။ ‌ခေတ်ရှေ့‌ပြေးနည်းပညာနှင့် ပသာဒစုံလင်သည့် စတိတ်စင် အနုပညာတင်ဆက်မှု နည်းလမ်းများကို အသုံးပြုထားပြီး ခံစားမှုအတွေးအမြင်နှင့်  နောက်ခံပတ်ဝန်းကျင်အပြင်အဆင်တို့ကို သေ‌သေသပ်သပ် လိုက်လိုက်ဖက်ဖက် ပေါင်းစပ်ထားသော စတိတ်စင်အနုပညာ ရသပုံဖော်မှုများအကြားတွင် ပြောင်မြောက်စွာ တင်ဆက်ထားကာ သဟဇာတဖြစ်မှု၊ ပြန်လည်ဆုံစည်းမှု ခံယူချက်အမြင်သဘောထားတို့ကို ‌လက်ဆင့်ကမ်းမျှဝေပေးသွားမည် ဖြစ်ပါသည်။




ဗီဒီယို (၁) - ဘဲလေးအက “နှစ်သစ်ကူးခြင်း”



ဗီဒီယို (၂) - ရိုးရာ‌တေးဂီတ “တောက်ပသော နေရောင်အောက်ဝယ်”



ဗီဒီယို (၃) - ရီတိုင်းရင်းသား ရိုးရာအက “လရောင်အောက်က အားရှိလူမျိုးအက”