၂၀၂၂ ခုနှစ် "ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး" "ဩဇာဟိတ်ဟန် ကျားတို့မာန်" - တရုတ်(၁၂)ရာသီခွင်ယဉ်ကျေးမှုပြပွဲ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-02-05 02:06:41



တရုတ်နှစ်သစ်ကူးကျားနှစ်သို့ ရောက်ရှိလာချိန်တွင် တရုတ်ယဉ်ကျေးမှုချစ်ကြည်ရေးအသင်းမှ ကြီးမှူးဆောင်ရွက်ပြီး ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Beijing CIEA Danqing Exhibition LTD. မှ တာဝန်ယူဆောင်ရွက်၍ GTN9 ဝက်ဘ်ဆိုဒ်မှ ပံ့ပိုးဆောင်ရွက်ကာ Mason Creative & Strategy မှ စီမံဆောင်ရွက်သည့် “ဩဇာဟိတ်ဟန် ကျားတို့မာန် - တရုတ်(၁၂)ရာသီခွင်ယဉ်ကျေးမှုပြပွဲ” ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့၌ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာ၏ WeChat Official Account ၊ Facebook စာမျက်နှာနှင့် Official Website များတွင် တစ်ပြိုင်နက်တည်း တင်ဆက်သွားမည် ဖြစ်သည်။ အွန်လိုင်း “Cloud” ပေါ်၌ တရုတ်ရာသီခွင်ယဉ်ကျေးမှုအကြောင်းများကို ဝေမျှပြီး တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ကို အတူတကွ ဖြတ်သန်းရန် မြန်မာပရိသတ်များအား ဖိတ်ခေါ်အပ်ပါသည်။ 



ဗီဒီယို - မိတ်ဆက်


ယခုပြပွဲတွင် ကျားနှစ်ရာသီခွင်ယဉ်ကျေးမှုပြပွဲ၊ ဆောင်းရာသီယဉ်ကျေးမှုခရီးသွားလာရေးပြပွဲ၊ ကျားနှစ်ယဉ်ကျေးမှုလက်ရာဖန်တီးမှုပြပွဲ၊ ကျားနှစ်လက်မှုပညာလေ့လာခံစားမှုပွဲ စသည့် ကဏ္ဍ (၄) ခု ပါဝင်ပါသည်။ ပြပွဲကို ရုပ်ပုံစာသား၊ ဗီဒီယိုများနှင့် ပေါင်းစပ်ထားပြီး ဖျော်ဖြေမှုများအနက်မှ သင်ယူလေ့လာသည့် သင်ကြားမှုပုံစံနှင့် အပြန်အလှန်ပါဝင်မှုများမှတစ်ဆင့် ဆန်းသစ်ဖန်တီးမှုများဖြင့် အသွင်စုံလင်ပြီး ကြွယ်ဝလေးနက်သည့် တရုတ်ရိုးရာပွဲတော်ယဉ်ကျေးမှုများကို တင်ဆက်ထားကာ ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ကမ်းယဉ်ကျေးမှုနှင့် ခရီးသွားအရင်းအမြစ်၏ လက်တွဲပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် လာမည့်နှစ်အတွက် သင့်မြတ်ခြင်းမင်္ဂလာနှင့် ကံကောင်းခြင်းများရရှိရန် တောင်းဆုခြွေထားပါသည်။



ဗီဒီယို - တရုတ်ရာသီခွင်စားပွဲတင်ပြက္ခဒိန်ဒီဇိုင်းဖန်တီးမှု



WeChat Image_20220205105417.jpg