၂၀၂၂ခုနှစ် "ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး" တရုတ်အရသာ - လျှာဖျားထက်မှ ယူနန်စားဖွယ်ရာများ
အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-02-02 02:08:24
“ရုက္ခဗေဒတိုင်းပြည်” ဟူ၍ပင် တင်စားရသော ယူနန်၌ ၎င်း၏ သိသာကွဲပြားသော ရာသီဥတုက တစ်မူထူးခြားလှသည့် ကျန်းမာစေသော သဘာဝစားသောက်ကုန်ကြမ်းများကို ဖန်တီးပေးပါသည်။ ယူနန်သားတို့သည် ၎င်းတို့၏ ပန်းပွင့်များအပေါ် နှစ်သက်မြတ်နိုးမှုကို အစားအစာချက်ပြုတ်သည့်အထဲတွင်ပင် ထည့်သွင်းပေါင်းစပ်လာကြသည်။
သူမတူအောင် ထူးကဲသော စားတော်ပွဲများသည် သဘာဝ၏ မွှေးရနံ့များထဲ၌ပင် ရစ်ဝဲနေကြသည်။ နှင်းဆီပန်းမုန့်၊ ပန်းပွင့်ကိတ်၊ ဂန္ဓမာပန်းကော့ချောင်မြီးရှည်၊ သလဲပန်းပွင့်ကြော်…… အစရှိသည်တို့ဖြင့် ယူနန်သားတို့၏ လျှာဖျားထက်တွင် ပန်းရနံ့များ သင်းပျံ့၍နေပါသည်။
ယူနန်ဟင်းလျာများသည် ကုန်ကြမ်းပစ္စည်းများမှ အစားအသောက်ဓလေ့ထုံးစံများအထိ ထင်ရှားသော ဒေသထူးခြားချက်များ ပါရှိနေပြီး အမျိုးအစားစုံလင်၍ အရသာထူးခြားသောကြောင့် အားလုံး၏ နှစ်သက်မှုကို တစ်ခဲနက် ရရှိထားပါသည်။