၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” “ကလေးတို့ဆင်နွှဲ တရုတ်နှစ်သစ်ကူးပွဲ”ဓာတ်ပုံပြပွဲ
စည်ကားသိုက်မြိုက်လှသော တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် လှုပ်ရှားမှုပွဲ အစီအစဉ်များတွင် ဘုရားကျောင်း ပျော်ပွဲရွှင်ပွဲ၏ သကြားပန်းချီကားများ၊ သကြားရုပ်များနှင့် အသွင်ပုံစံ အစုံအလင်ရှိသော ပွဲတော်အလှဆင်မှုများ၊ ပျော်ရွှင်မြူးထူးနေသော အနီရောင်မီးပုံးကြီးများသည် ကလေးသူငယ်များ၏ အမြင်အာရုံကို ဆွဲဆောင်နေပြီး အဆုံးမရှိသော ရိုးစင်းပျော်ရွှင်မှုများ၏ အစားထိုး၍ မရနိုင်သည့် အမှတ်တရ အပိုင်းအစလေးများ ဖြစ်လာစေပါသည်။
ဤတရုတ်နွေဦးနှစ်သစ်ကူးပွဲတော် လှုပ်ရှားမှုပွဲ အစီအစဉ်များသည်လည်း ကမ္ဘာတစ်ဝှမ်းမှ ကလေးသူငယ်များ၏ နှစ်သက်မှုကို ရရှိထားပြီး ယင်းတို့အတွက် အံ့သြဝမ်းမြောက်မှုနှင့် စူးစမ်းလိုစိတ်များ၊ ပွဲတော်၏ နွေးထွေးပျူငှာမှုနှင့် ဆုမွန်ကောင်းများကို ယူဆောင်ပေးသွားမည် ဖြစ်ပါသည်။
တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ဟူသော ဤဆောင်းဥတုရှိ ပွဲတော်ရက်မြတ်သည် လူများ၏ နှလုံးသားကို နွေးထွေးစေရုံသာမက ကလေးသူငယ်များ၏ ငယ်ဘဝကိုလည်း တန်ဆာဆင်ပေးထားပြီး ကလေးသူငယ်များအား ပျော်ပျော်ရွှင်ရွှင် “နှစ်သစ်ကူး”စေပါသည်။