၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” – “နွေဦးအငွေ့အသက်” တရုတ်နှစ်သစ်ကူးတေးဂီတဖျော်ဖြေပွဲ
နှစ်သစ်အစတွင် အရာခပ်သိမ်းတို့ သစ်လွင်နေပြီး နွေဦးသည် မြေပြင်ဆီသို့ ပြန်လည်ရောက်ရှိလာကာ နွေဦးနှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲကြသည်။ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်သည် တရုတ်လူမျိုးများ၏ အရေးပါဆုံးသော ပွဲတော်များအနက်မှ တစ်ခုဖြစ်သည်။ ယခုလို နွေးထွေးပြီး ပန်းပေါင်းစုံပွင့်လန်းသည့် နွေဦးရာသီတွင် တိုင်းရင်းသားတေးဂီတစံပယ်ပွင့်လေးများဟု တင်စားခံရသည့် ကျန်းစူး(Jiangsu) အမျိုးသမီးတိုင်းရင်းသားတေးဂီတအဖွဲ့သည် ကြိုးတပ်တူရိယာနှင့် လေမှုတ်တူရိယာများကို တရုတ်နွေဦးနှစ်သစ်ကူး၏ ကိုယ်စားပြုအဖြစ် ထားရှိပြီး ပန်း၏ မွှေးရနံ့ကို ချီးမွမ်းထောမနာပြုကာ နွေဦးအငွေ့အသက် ထုံမွမ်း၍ ပန်းအလှတို့ဖြင့် မြိုင်ဆိုင်နေသော နွေဦး၏ ကဗျာဆန်ပုံများကို တိုင်းရင်းသားတေးဂီတဖြင့် တဖွဲ့တနွဲ့ ဖော်ကျူးထားပါသည်။
နွေဦးနှစ်သစ်ကူးပွဲတော် ပဏာမတေး
ရွှေရောင်မြွေအက
နွေဦးနှစ်သစ်ကူးအား ကြိုဆိုခြင်း