၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” – “ကျွန်ုပ်အိမ်၏ မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်း” နှင့် တရုတ်ရိုးရာ မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်းဟင်းလျာ သင်ကြားခြင်း (အပိုင်း ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-31 14:47:49


WeChat Image_20220125111712.jpg


“ကျွန်ုပ်အိမ်၏ မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်း” သည် တစ်ရပ်တစ်ကျေးတွင် အလုပ်လုပ်ကိုင်နေသည့် နန်ကျင်း(Nanjing)သူလေးက နှစ်သစ်ကူးအကြိုနေ့တွင် ဇာတိမြေ နန်ကျင်း(Nanjing)သို့ ပြန်၍ မိသားစုနှင့် ပြန်လည်ဆုံစည်းကာ အိမ်သားများနှင့်အတူ နှစ်သစ်ကူးအသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်း၊ အိမ်ရှင်းလင်းခြင်း၊ “ကံကောင်းပျော်ရွှင်ခြင်း” အနက်ရှိသည့် တရုတ်စာလုံး “福” (Fu) ကပ်ခြင်း၊ ဖက်ထုပ်ထုပ်ခြင်း၊ ဟုန်ပေါင်းပေးခြင်း၊ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော် ပျော်ပွဲရွှင်ပွဲ အခမ်းအနားအစီအစဉ် ကြည့်ရှုခြင်း၊ မိသားစုဓာတ်ပုံရိုက်ခြင်းများနှင့် မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်းကို အတူတကွ ဝိုင်းဖွဲ့သုံးဆောင်ခြင်းအကြောင်းများကို တင်ဆက်ထားပါသည်။ 




ဗီဒီယို (၁) – “ကျွန်ုပ်အိမ်၏ မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်း”


ဗီဒီယိုသည် သာမန်တရုတ်မိသားစုတစ်စု၏ နှစ်သစ်ကူးအကြိုနေ့ည မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်း ပြင်ဆင်ပုံ စသည့် တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်ဓလေ့များကို တင်ဆက်ရင်းမှတစ်ဆင့် တရုတ်မိသားစုများ၏ “အိမ်တွင်းရေးသာယာလျှင် အရာရာအဆင်ပြေခြင်း” စသည့် နှစ်ပေါင်းထောင်ချီသမိုင်းရှိသော ယဉ်ကျေးမှုသဘောထားများအား လက်ဆင့်ကမ်းမှုနှင့် ဆန်းသစ်ဖန်တီးမှု၊ ယနေ့ခေတ်တရုတ်လူမျိုးများ၏ လွတ်လပ်ပွင့်လင်းပြီး မေတ္တာထားမှု စိတ်ထားအသွင်တို့ကို ထင်ဟပ်ဖော်ပြထားပါသည်။



ယခုတစ်ပတ်တွင် တရုတ်ရိုးရာ မိသားစုစုံညီ နှစ်ကူးညစာထမင်းဝိုင်းမှ ဟင်းလျာပုံစံဖြစ်သော “ရတနာရှစ်မျိုးထမင်း” နှင့် “ကော်ပြန့်ကြော်” ပြုလုပ်ပုံတို့ကို အားလုံးအား သင်ကြားပြသပေးသွားရန် ရွေးချယ်ထားပါသည်။ အားလုံး စမ်းလုပ်ကြည့်ပြီး အိမ်သားများနှင့် အတူတူ မြည်းစမ်းကြည့်ကြရအောင်လားရှင်။ 


WeChat Image_20220131134858.jpg



ဗီဒီယို (၂) – “ရတနာရှစ်မျိုးထမင်း”



ဗီဒီယို (၃) – “ကော်ပြန့်ကြော်”