၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” အိပ်မက်ဆန်ဆန် ရေခဲဆီးနှင်းခရီးစဉ် - ဟေးလုံကျန်း (Heilongjiang)နှင့် ကျီလင် (Jilin)
ဗီဒီယို - “ဟေးလုံကျန်းပြည်နယ်” (Heilongjiang)
ဟေးလုံကျန်းပြည်နယ် (Heilongjiang)၏ ဆောင်းဥတုတွင် နေရာအနှံ့ ရေခဲနှင့်ဆီးနှင်းများ ဖုံးလွှမ်းနေပါသည်။ ဤဗီဒီယိုတွင် ဟေးလုံကျန်းပြည်နယ်၏ ခမ်းနားလှပသော ရေခဲဆီးနှင်းအလှမြင်ကွင်း၊ ခမ်းနားထည်ဝါသော ရေခဲဆီးနှင်းအနုပညာ၊ များပြားစုံလင်သော ရေခဲဆီးနှင်းဆိုင်ရာ အစီအစဉ်များနှင့် တစ်မူထူးခြားသော ရိုးရာဓလေ့ထုံးတမ်းများကို တင်ဆက်ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ မြောက်ဘက်အကျဆုံး ပြည်နယ်သို့ အရောက်လာ၍ ရင်ခုန်ကြည်နူးဖွယ် ရေခဲဆီးနှင်းခရီးစဉ် ချိန်းဆိုချက်ကို အတူတကွ သွားရောက်ခံစားလေ့လာနိုင်ရန် သင့်အား ဖိတ်ခေါ်ပါရစေ။
ဗီဒီယို - “ကျီလင်ပြည်နယ်” (Jilin)
ကျီလင်ပြည်နယ် (Jilin)၏ ဆောင်းနေ့ရက်များရှိ ဆီးနှင်းရှုခင်း အလှတရားသည် မင်ပန်းချီကားလိပ်တစ်ချပ်ပမာ၊ နှင်းခဲလေးများသည် နွေဦးတွင် ပွင့်လန်းသော သစ်တော်ပန်းလေးများပမာ ဖြစ်နေပါသည်။ နှင်းလျှောစီးအားကစားများသည် စိတ်အားထက်သန် တက်ကြွမှု အပြည့်ရှိနေပြီး ဆီးနှင်းပြင်ကျယ်များအကြားမှ ရေပူစမ်းများသည် အပူများ တလိပ်လိပ်ထနေကာ ရိုးရာဓလေ့ပွဲတော်များသည် လှိုက်လှဲနွေးထွေး၍ လွတ်လပ်ပေါ့ပါးလှပေသည်။ ခရီးသွားများကို ဆီးနှင်းရှုခင်းအလှခံစားခြင်း၊ ဆီးနှင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခံစားခြင်း၊ ဆီးနှင်းများဖြင့် ကစားခြင်း၊ နှင်းလျှောစီးခြင်း အစရှိသည့် များပြားစုံလင်လှသော ရေခဲဆီးနှင်းဆိုင်ရာ အစီအစဉ်များကို တွေ့ကြုံခံစားရစေပြီး ရေခဲဆီးနှင်းများမှ ပေးစွမ်းသော ပျော်ရွှင်ကြည်နူးမှုကို အဆုံးစွန် ခံစားရရှိစေမည် ဖြစ်ပါသည်။