၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” – “တရုတ်နှစ်သစ်ကူးပြဇာတ်အလင်္ကာ” ကလေးသူငယ်ကာတွန်းဗီဒီယိုအတိုတင်ဆက်ခြင်း (အပိုင်း ၁)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-29 02:21:51


WeChat Image_20220131141219.jpg


ယခုအစီအစဉ်သည် တရုတ်နှစ်သစ်ကူးပွဲတော်ကို အဓိကအကြောင်းအရာအဖြစ် ဗဟိုပြု၍ တရုတ်နှစ်သစ်ကူးပွဲတော်ယဉ်ကျေးမှု၊ ရိုးရာဓလေ့၊ တရုတ် (၁၂) ရာသီခွင်ယဉ်ကျေးမှုများမှ ဖန်တီးမှုစိတ်ကူးစိတ်သန်းများကို ရယူပြီး တရုတ်တေးဂီတပြဇာတ်နှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအကြောင်းရပ်များကို ပေါင်းစပ်ကာ 2D Animation ၊ Stop-Motion Animation စသည့် သဏ္ဌာန်များမှတစ်ဆင့် “စုံညီပေါင်းစည်းခြင်း၊ ညီညွတ်ခြင်း၊ ကျန်းမာခြင်း” ဟူသည့် ဆန္ဒမွန်များကို ဖော်ပြထားပါသည်။ 


WeChat Image_20220131141236.jpg



ဗီဒီယို - “ရေခဲဆီးနှင်းကစားနည်း(၁၃)ခု”


ဤဗီဒီယိုသည် ကလေးသူငယ်နှစ်ဦးတို့ ရှေချဟိုင်(Shichahai) ရေခဲဆီးနှင်းကာနီဗယ်(Carnival)ပွဲတော်တွင် လည်ပတ်ပျော်ပါးကြရင်း အခြားကလေးသူငယ်များနှင့်အတူ “ရေခဲဆီးနှင်းကစားနည်း (၁၃) ခု” လှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်ခံစားကြပုံများကို တင်ဆက်ထားပါသည်။



ဗီဒီယို - “တရုတ်(၁၂)ရာသီခွင်အကောင်များမှ တရုတ်နှစ်သစ်ကူးအား ကြိုဆိုခြင်းပုံရိပ်”


ဤဗီဒီယိုသည် မင်ပန်းချီကာတွန်းပုံစံဖြင့် တရုတ် (၁၂) ရာသီခွင်အကောင်များမှ နှစ်သစ်ကူးစာတမ်းကပ်ခြင်း၊ မီးပုံးချိတ်ခြင်း၊ ဖက်ထုပ်ထုပ်ခြင်း၊ မီးပန်းဖောက်ခြင်း စသည့် တရုတ်နှစ်သစ်ကူးလှုပ်ရှားမှုများဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်အား ပျော်ရွှင်စွာ ကြိုဆိုကြပုံကို ရေးဆွဲတင်ဆက်ထားပါသည်။ 



ဗီဒီယို - “တရုတ်(၁၂)ရာသီခွင်အကောင်များမှ တရုတ်နှစ်သစ်ကူးအား စည်စည်ကားကား ကြိုဆိုခြင်း”


ဤဗီဒီယိုသည် စက္ကူအလှညှပ်ကာတွန်းပုံစံဖြင့် တရုတ် (၁၂) ရာသီခွင်အကောင်များမှ “ကံကောင်းပျော်ရွှင်ခြင်း” အနက်ရှိသည့် တရုတ်စာလုံး “福” (Fu) ကပ်ခြင်း၊ နှစ်ကူးမုန့်(Niangao)လုပ်ခြင်း၊ နှစ်သစ်ကူးအသုံးအဆောင်ပစ္စည်းများပြင်ဆင်ခြင်း၊ နှစ်ကူးမုန့်ဖိုးငွေများ၊ ဗြောက်အိုးဖောက်ခြင်း စသည့် တရုတ်နှစ်သစ်ကူးလှုပ်ရှားမှုများဖြင့် တရုတ်နှစ်သစ်ကူးပွဲတော်အား ပျော်ရွှင်စွာ ကြိုဆိုကြပုံကို ရေးဆွဲတင်ဆက်ထားပါသည်။ 


WeChat Image_20220131141324.jpg