၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” ကမ္ဘာနှင့်အဝှမ်း ဖွင့်ပွဲကျင်းပခြင်း - နွေဦးတေးသွားကို တီးခတ်မြည်ဟည်းစေလို့၊ အနာဂတ်ဆီသို့ အတူလျှောက်လှမ်းကြစို့

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-28 01:55:04


WeChat Image_20220131135907.jpg



ဗီဒီယို - ၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” မိတ်ဆက်ဗီဒီယို


၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” ကမ္ဘာနှင့်အဝှမ်း စတင်မိတ်ဆက်ခြင်း အခမ်းအနားနှင့် ဂီတပွဲတော်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့ ည (၇) နာရီအချိန်တွင် ပေကျင်းမြို့၌ ကျင်းပသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး ဟူဟဲဖျင် (Hu Heping)မှ ဖွင့်ပွဲအခမ်းအနားတွင် ဗီဒီယိုမိန့်ခွန်း ပြောကြားသွားမည် ဖြစ်ပါသည်။



ဗီဒီယို - ၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” ကမ္ဘာနှင့်အဝှမ်း စတင်မိတ်ဆက်ခြင်း အခမ်းအနားတွင် ဝန်ကြီး ဟူဟဲဖျင် (Hu Heping) မိန့်ခွန်းပြောကြားခြင်း


ယခုကျားနှစ်၏ တရုတ်နွေဦးနှစ်သစ်ကူးပွဲတော်နှင့် ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတို့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိကြပြီး “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” လှုပ်ရှားမှုပွဲအစီအစဉ်သည် “ပျော်ရွှင်မှု၊ သဟဇာတဖြစ်မှု၊ အတူတကွမျှဝေမှုနှင့် အပြန်အလှန် ပြောဆိုဆက်ဆံ‌မှု” ဟူသော ခံယူချက်အခြေခံပေါ်တွင် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ‌၏ အကြောင်းအရာ အစိတ်အပိုင်းများကို ပေါင်းစပ်ထားပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားဝိသေသလက္ခဏာနှင့် နိုင်ငံတကာစံနှုန်းအဆင့်များနှင့် ပြည့်စုံသည့် နှစ်သစ်‌အဖွင့်၏ ဂီတပွဲတော်ကို ဖန်တီးတင်ဆက်ကာ ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေများနှင့်အတူ ဤရိုးရာရက်မြတ်ပွဲတော်ကို အတူတကွ ဂုဏ်ပြုကျင်းပပြီး ပျော်ရွှင်သာယာဖွယ် အချိန်လေးများကို အတူတကွ မျှဝေခံစားသွားမည် ဖြစ်ပါသည်။



‌ဗီဒီယို - ဂီတပွဲတော် အစီအစဉ်တင်ဆက်မှု အပိုင်း‌တစ်ခု “နွေဦးနှစ်သစ်ကူးပွဲတော် ပဏာမတေး”



ဗီဒီယို - ဂီတပွဲတော် အစီအစဉ်တင်ဆက်မှု အပိုင်းတစ်ခု “အနာဂတ်ဆီသို့ အတူလျှောက်လှမ်းစို့”



ဗီဒီယို - ဂီတပွဲတော် အစီအစဉ်တင်ဆက်မှု အစအဆုံး