“လေးစားဖွယ်ရာ လက်မှုပညာရှင်” မြန်မာနောက်ခံစကားပြော မှတ်တမ်းရုပ်ရှင် - Shanghai-Bund ရဲ့ အသက်ရာပြည့် အပ်ချုပ်ပညာရှင်
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
တရုတ်သမ္မတနိုင်ငံ ခေတ်ကာလရှိ လှပကြော့ရှင်းသော အမျိုးသမီးများ၏ ဟန်ပန်ပုံရိပ်မှ နယူးယောက်မြို့တော်ကြီး၏ စတိတ်စင်မြင့်ထက်အထိ ချူဟုန်စန်း (Chu Hongsheng) သည် ရှန်ဟိုင်း The Bund ၏ နောက်ဆုံးကျန်ရစ်သည့် ချီဖောင် (Qipao) ဝတ်စုံ ချုပ်လုပ်သူတစ်ဦး ဖြစ်ပါသည်။ ဝမ်းနည်းပူဆွေးမှု၊ ပျော်ရွှင်ကြည်နူးမှုများနှင့် စည်ကားသိုက်မြိုက်မှုများကို ကြုံတွေ့ခဲ့ဖူးပြီး ဖက်ရှင်များ အပြောင်းအလဲ ရှိသော်လည်း မပြောင်းလဲသည်မှာ လက်မှုအတတ်ပညာအပေါ် လေ့ကျင့်မှုပင်ဖြစ်သည်။ ကျွန်မတို့အတူ ချီဖောင်ဝတ်စုံ ချုပ်လုပ်သည့် ပညာရှင် ချူဟုန်စန်း (Chu Hongsheng) အကြောင်း လေ့လာကြည့်ကြရအောင်လားရှင့်။