ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၂ ခုနှစ် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” အွန်လိုင်းကဏ္ဍတွဲဆိုင်ရာ အစီအစဉ်များအား တင်ဆက်ခြင်း မင်္ဂလာရှိသော ကျားနှစ်ကို အွန်လိုင်းမှတစ်ဆင့် အတူဖြတ်သန်းရန် သင့်အား ဖိတ်ခေါ်အပ်ပါသည်
ဗီဒီယို - “မင်္ဂလာကျား၏ နွေဦးနှစ်သစ်ပြဇာတ်အက”
နွေဦးပွဲတော် (တရုတ်နှစ်သစ်ကူးပွဲတော်)သည် တရုတ်လူမျိုးများ၏ အခမ်းနားဆုံးနှင့် အကြီးကျယ်ဆုံးသော ရိုးရာရက်မြတ်ပွဲတော်တစ်ခု ဖြစ်ပြီး မိသားစုဆွေမျိုးသားချင်းနှင့် မိတ်ဆွေများ ပြန်လည်ဆုံစည်း၍ ပျော်ရွှင်မှုများ အတူမျှဝေသည့် အရေးပါသော ပွဲတော်ပင် ဖြစ်သည်။ နွေဦးပွဲတော်အချိန်ကာလတွင် မိသားစုတိုင်းသည် ပျော်ရွှင်ဝမ်းမြောက်မှု အပြည့်ဖြင့် ပွဲတော်အစီအစဉ်အမျိုးမျိုးတွင် ပါဝင်ဆင်နွှဲကြပြီး ပျော်ရွှင်မှုအငွေ့အသက်များကို ခံစားလေ့ရှိကြသည်။
ဗီဒီယို - “စီချွမ် စားကောင်းသောက်ဖွယ်ခရီးစဉ်”
ဤ ၂၀၂၂ ခုနှစ် တရုတ်နွေဦး နှစ်သစ်ကူးပွဲတော် ရောက်ရှိလာတော့မည့် အချိန်အခါသမယတွင် ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ (နှစ်သစ်ကူးအကြိုကာလ)မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ (တရုတ်မီးထွန်းပွဲတော်) အထိ WeChat Official Account ၊ Facebook စာမျက်နှာ၊ Youtube စာမျက်နှာနှင့် Official Website တို့မှတစ်ဆင့် “ပျော်ရွှင်ဖွယ် တရုတ်နှစ်သစ်ကူး” အွန်လိုင်းအစီအစဉ်များအား ပြိုင်တူလွှင့်တင်ပေးသွားမည် ဖြစ်ပါသည်။ အစီအစဉ်တွင် “နွေဦးပွဲတော်” နှင့် “ရေခဲဆီးနှင်း” ခေါင်းစဉ်ကြီးနှစ်ခုကို ဗဟိုပြုထားပြီး “ဂန္ထဝင်ယဉ်ကျေးမှု”၊ “ရေခဲဆီးနှင်းဆွဲဆောင်မှု”၊ “ဘဝပျော်မွေ့မှု” ဟူသည့် ကဏ္ဍသုံးရပ်ပါဝင်ကာ “Cloud” တင်ဆက်မှု၊ အွန်လိုင်းပြပွဲ၊ ဗီဒီယိုအတို၊ အပြန်အလှန်လေ့လာခံစားခြင်း၊ H5 Mini Program စသည့် ပုံစံအမျိုးအစုံလင်ဖြင့် စီစဉ်ထားပါသည်။ တရုတ်နိုင်ငံ၏ ထူးခြားပြောင်မြောက်သော ရိုးရာယဉ်ကျေးမှု၊ တရုတ်နိုင်ငံမြောက်ပိုင်းရှိ ရေခဲဆီးနှင်းအလှမြင်ကွင်းနှင့် တရုတ်နိုင်ငံ၏ ခေတ်သစ်အနုပညာ လက်ရာကောင်းများကို လက်ဆောင်မွန်အနေဖြင့် တင်ဆက်ပေးခြင်းဖြင့် မင်္ဂလာရှိသောကျားနှစ်ကို မြန်မာပြည်သူပြည်သားများနှင့် အတူတကွ ဖြတ်သန်းသွားမည် ဖြစ်ပါသည်။
ဗီဒီယို - “ရှင်းကျန်းသို့ အွန်လိုင်းမှလည်ပတ်ခြင်း - ဆောင်းရာသီခရီးစဉ်”
အားလုံးပဲ ကျားနှစ်သစ်တွင် ကျားတို့၏ အားမာန်တက်ကြွမှုအပေါင်းနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ဘေးဘယာ ကင်းကွာကြပါစေကြောင်း ကြိုတင်ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။