“လေးစားဖွယ်ရာ လက်မှုပညာရှင်” မြန်မာနောက်ခံစကားပြော မှတ်တမ်းရုပ်ရှင် - သစ်သားကနေ ပန်းပွင့်စေသော ချောင်ကျိုးမြို့သား

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-08 13:21:15


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။ 


“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။ 



အရာဝတ္ထုပစ္စည်းတိုင်းတွင် အသက်ဝိညာဉ်ရှိပြီး ၎င်းတို့သည် အချိန်ခရီးကို ဖြတ်ကျော်၍ လူသားများနှင့် တွေ့ဆုံနိုင်ပါသည်။ လက်မှုပညာရှင်နှင့် အရာဝတ္ထုအကြားရှိ ပတ်သက်ဆက်နွှယ်မှုသည် သေအတူရှင်မကွာ ခံစားချက်မျိုးလည်း ရှိပါသည်။ ဤကဲ့သို့ ရှေးကျပြီး လျှို့ဝှက်ဆန်းကြယ်သည့် ပတ်သက်မှုသည် လက်မှုပညာရပ်သမိုင်း တစ်လျှောက်လုံးတွင် တည်ရှိနေခဲ့သည်။ ယခုအစီအစဉ်တွင် သင့်အတွက် မိတ်ဆက်ပေးသွားမည်မှာ လူသားနှင့် အရာဝတ္ထုတို့၏ ဆက်နွှယ်မှုကို ပြန်လည်တည်ဆောက်ခဲ့သည့် လက်မှုပညာရှင်တစ်ဦးအကြောင်း ဖြစ်ပါသည်။ သူသည် အရာအားလုံးကို ပေါ့ပါးလွတ်လပ်၍ စွဲမက်စိတ်ဝင်စားဖွယ်ကောင်း‌စေရန် ဖန်တီးပြောင်းလဲပေးနိုင်သည်။ ကျွန်မတို့အားလုံးအတူ ပန်းပုပညာရှင် လူကျင့်ဝန် (Lu Jinwen) အကြောင်း လေ့လာကြည့်ကြရအောင်လားရှင့်။


WeChat Image_20220111090318.jpg