“ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို” မြန်မာနောက်ခံစကားပြော ရုပ်သံမှတ်တမ်း - မှိုစိုက်တဲ့ Mr & Mrs. Zulu

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2022-01-06 16:35:32


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။



Mr & Mrs. Zulu သည် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံရှိ သာမန်လယ်သမားလင်မယားစုံတွဲ ဖြစ်သည်။ တရုတ်နိုင်ငံမှ ကူညီပံ့ပိုးပေးသည့် ဇမ်ဘီယာနိုင်ငံ စိုက်ပျိုးရေးနည်းပညာ သရုပ်ပြစင်တာ၏ လေ့ကျင့်သင်ကြားရေးသင်တန်း၌ သင်ယူလေ့လာခဲ့ပြီးနောက်တွင် ရိုးရာစိုက်ပျိုးခြင်းမှ နည်းပညာဖြင့် စိုက်ပျိုးခြင်းသို့ ပြောင်းလဲခဲ့ပြီး ဒေသအတွင်း နာမည်အနည်းငယ်ရရှိလာသည့် မှိုစိုက်ပျိုးသူများ ဖြစ်လာခဲ့ပါသည်။



မှိုစိုက်ခြင်းသည် Mr & Mrs. Zulu အား အထင်ကြီးလောက်စရာ စီးပွားဝင်ငွေများ ရရှိလာစေပါသည်။ အိမ်အသစ်ဆောက်လိုက်ရုံသာမက ကားတစ်စီးလည်း ဝယ်ယူခဲ့ပြီး ကောင်းသထက်ကောင်းသည့် လူနေမှုဘဝကို ရရှိလာစေပါသည်။ နောင်တွင်လည်း သူတို့သည် ခရီးသွားလည်ပတ်လိုကြပြီး တရုတ်နိုင်ငံသို့ သွားရောက်လေ့လာနိုင်ရန် မျှော်လင့်နေပါသည်။