“လေးစားဖွယ်ရာ လက်မှုပညာရှင်” မြန်မာနောက်ခံစကားပြော မှတ်တမ်းရုပ်ရှင် - တရုတ်နိုင်ငံ အဆင့်တစ်ကျောင်းသူရဲ့ သားရေရုပ်သေးအိပ်မက်
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
ရှေးခေတ်အခါက လက်မှုပညာရှင်များတွင် ယင်းတို့ လုပ်ငန်းနယ်ပယ် တစ်ခုစီတိုင်း၏ ဘိုးဘေးနတ်များ ရှိပါသည်။ ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ခြင်းသည် “ဘိုးဘေးနတ်များက ကူညီမစ စောင့်ရှောက်ခြင်း”ကြောင့် ဖြစ်သည်ဟု မှတ်ယူထားကြသည်။ လက်မှုပညာရှင်များ၏ လုပ်ငန်းအပေါ် စိတ်၏ခိုလှုံရာခံစားချက်သည် ဘိုးဘေးနတ်များကို ယုံကြည်သက်ဝင်ကြသည့်အထိပင် ဖြစ်လာပြီး ဘုရားပေးတာဝန် ဟူ၍ပင် ခံယူထားကြသည်။ ယနေ့ ကျွန်မတို့ သွားရောက်လေ့လာမည့်သူမှာ လက်မှုပညာကို ဘုရားပေးတာဝန်ဟု ခံယူထားသည့်သူတစ်ဦး ဖြစ်ပြီး ဤပညာကို ဘဝ၏ရှင်သန်ရာ၊ စိတ်၏ခိုကိုးရာအဖြစ် သာမက အသွေးအသားထဲထိပါ စိမ့်ဝင်နေသည်အထိကို မှတ်ယူထားသူ ဖြစ်ပေသည်။ အားလုံးအတူတူ လေးစားဖွယ်ရာ လက်မှုပညာရှင် ချန်ရွှယ်ယွဲ့ (Chen Xueyue) အကြောင်း လေ့လာကြည့်ကြရအောင်လားရှင့်။