“လေးစားဖွယ်ရာ လက်မှုပညာရှင်” မြန်မာနောက်ခံစကားပြော မှတ်တမ်းရုပ်ရှင် - လူတစ်ယောက်ရဲ့ သစ်သားဇွန်းကမ္ဘာငယ်လေး

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-18 12:26:01


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။ 


“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။ 



“ဝတ္ထုပစ္စည်းဟူသည် ယင်း၏ပိုင်ရှင်ဖြစ်သူနှင့် ဆင်တူတတ်သည်”ဟု လူအများက ပြောဆိုလေ့ရှိကြပါသည်။ လွယ်ကူရိုးရှင်းမှုသည်လည်း ကြွယ်ဝစုံလင်မှုတစ်မျိုးပင် ဖြစ်ပေသည်။ ကြမ်းတမ်းသော လက်တစ်စုံဖြင့် သေးသေးသွယ်သွယ် ဇွန်းလေးများ တစ်ချောင်းပြီးတစ်ချောင်း ဖန်တီးပြုလုပ်ခြင်းမှတစ်ဆင့် သစ်သားတုံးအား မတူညီသော အသွင်သဏ္ဌာန်နှင့် ထိတွေ့ခံစားမှု အမျိုးမျိုးကို ပြောင်းလဲဖြစ်ပေါ်လာစေပါသည်။ သစ်သားတွင်လည်း ခံစားချက် အသက်ဝိညာဉ်ရှိပြီး စိတ်တည်ငြိမ်စွာဖြင့် သဘာဝတရား၏အသံကို အာရုံစိုက်နားဆင်ရပါသည်။ ကျွန်မတို့အားလုံးအတူတူ သစ်သားဇွန်းဖန်တီးပြုလုပ်သူ ဟွမ်ချန် (Huang Qiang) အကြောင်းကို လေ့လာကြည့်ကြရအောင်လားရှင့်။