“ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို” မြန်မာနောက်ခံစကားပြော ရုပ်သံမှတ်တမ်း - အသံထပ်သရုပ်ဆောင် တိုးတက်လာမှု
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
Abrahamသည် စူးစမ်းလိုစိတ် အပြည့်ရှိသော တန်ဇန်းနီးယား လူငယ်လေးတစ်ဦး ဖြစ်သည်။ သူသည် မူလက ဓာတ်ပုံဆရာတစ်ဦး ဖြစ်ပြီး အမှတ်မထင် ကြုံဆုံရရှိခဲ့သည့် အသံထပ်သရုပ်ဆောင်ပြိုင်ပွဲမှ အခွင့်အလမ်းတစ်ခုသည် သူ့အား အသံထပ်သရုပ်ဆောင်အဖြစ် အသက်မွေးဝမ်းကြောင်းအသစ်တစ်ခုကို စတင်စေခဲ့ပါသည်။
ယခုလက်ရှိတွင် Abrahamသည် ပေကျင်း၌ တရုတ်ဇာတ်လမ်းတွဲများကို ဆွာဟီလီ(Swahili)ဘာသာစကားဖြင့် အသံထပ်သည့် အလုပ်ကို လုပ်ကိုင်နေပါသည်။ အာဖရိကဒေသခံဘာသာစကားများသို့ ဘာသာပြန်ဆိုထားသော တရုတ်ဇာတ်လမ်းတွဲများသည် အာဖရိကတိုက်သားများအား တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်သိရှိစေနိုင်ပြီး အာဖရိကတိုက်ရှိ နိုင်ငံအများအပြားတွင် အားပေးမှုများစွာ ရရှိထားပါသည်။
Abrahamသည် ယခုအလုပ်အသစ်ကို လုပ်ကိုင်သည်မှာ မကြာသေးသော်လည်း အကျိုးရလဒ်များစွာ ရရှိခဲ့ပါသည်။ ယခုအလုပ်သည် သူ့အား စွမ်းဆောင်ရည်အသစ်တစ်ခု ပိုင်နိုင်ကျွမ်းကျင်သွားစေရုံမျှမက မိသားစုကိုလည်း ပိုမိုကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်စေခဲ့ပါသည်။ Abrahamသည် မိမိတွင် အနာဂတ်အတွက် ရေရှည်အစီအစဉ်ရှိပြီး ပိုမိုလေ့လာသင်ယူရန် လိုအပ်သေးကြောင်း ပြောကြားခဲ့ပါသည်။