စနေနေ့ရုပ်ရှင်အစီအစဉ် "လေးစားဖွယ်ရာ လက်မှုပညာရှင်" မြန်မာနောက်ခံစကားပြော မှတ်တမ်းရုပ်ရှင် - အထီးကျန်သော ထျန်းမုပညာရှင် ကျန်းယိုထင်
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
ထျန်းမုပန်းကန်လုံးသည် လက်ဖက်ရည်သုံး ပန်းကန်လုံးတစ်မျိုးဖြစ်သည်။ ရှေးခေတ်အချိန်အခါတွင် ထိပ်တန်းအဆင့် ထျန်းမုပန်းကန်လုံးတစ်လုံးသည် မြို့တစ်မြို့နှင့် လဲလှယ်၍ ရနိုင်သည်အထိပင် ဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် ၎င်း၏ အဖိုးတန်မှုကို တွေ့မြင်နိုင်ပါသည်။ မည်ကဲ့သို့သော အရည်အချင်းပါရမီမျိုးဖြင့် ယွမ်ငွေ ၅ ယွမ် တန်ဖိုးရှိသော မြေစေးကို အဆပေါင်း တစ်သောင်းကျော် တန်ဖိုးရှိသည့် လက်ဖက်ရည်သုံး ပန်းကန်လုံး ဖြစ်လာအောင် ဖန်တီးပြုလုပ်နိုင်သနည်း။ မည်ကဲ့သို့သော အတတ်ပညာမျိုးက သူ့အား ထန်စုန့်မင်းဆက်ခေတ်ကို ဖြတ်ကျော်၍ ထျန်းမု၏ နှစ်ထောင်ချီကြာ အနက်ရောင်တစ်မျိုးတည်းသာ ပြုလုပ်ခြင်းကို ထိုးဖောက်နိုင်ခဲ့ပြီး တောက်ပသောအရောင်များ ရရှိအောင် ဖန်တီးပြုလုပ်နိုင်ခဲ့သနည်း။ ကျွန်မတို့အားလုံးအတူတူ ထျန်းမုပန်းကန်လုံးပညာရှင် ကျန်းယိုထင် (Jiang Youting) အကြောင်းကို လေ့လာကြည့်ကြရအောင်လားရှင့်။