"ပိုးလမ်းမ ရုပ်သံမှတ်တမ်းတို" မြန်မာနောက်ခံစကားပြော ရုပ်သံမှတ်တမ်း - ဒိုင်ယာဒါဝေါလ် (Dire Dawa)

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-09 16:29:06


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။



ဒိုင်ယာဒါဝေါလ်(Dire Dawa)သည် အာဖရိကတိုက်ရှိ အီသီယိုးပီးယားနိုင်ငံ၏ အရှေ့ဘက်ခြမ်းတွင် တည်ရှိပြီး မီးရထားလမ်းများကြောင့် တိုးတက်ကာ မီးရထားလမ်းများကြောင့်ပင် ဆုတ်ယုတ်သွားသော မြို့တစ်မြို့ ဖြစ်သည်။ ယခုအခါ အာဖရိကတိုက်၏ ပထမဆုံး နိုင်ငံဖြတ်ကျော် လျှပ်စစ်မီးရထားလမ်း တည်ဆောက်ဖောက်လုပ်မှုကြောင့် ၎င်းမြို့သည် ပြန်လည် စည်ကားလာပါသည်။


WeChat Image_20211209082856.jpg


ဤလျှပ်စစ်မီးရထားလမ်း တည်ဆောက်ဖောက်လုပ်မှုသည် ၎င်းမြို့၏ ကံကြမ္မာကိုသာမက မီးရထားလမ်းတစ်လျှောက်ရှိ လူများ၏ ဘဝများကိုလည်း ပြောင်းလဲသွားစေပါသည်။ ရထားလမ်းအသစ် ဖွင့်လှစ်လိုက်ခြင်းသည် ခရီးသွားပြည်သူများ၏ သွားလာရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို ပိုမိုလွယ်ကူအဆင်ပြေလာစေပြီး ဒေသခံများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပါသည်။