စနေနေ့ရုပ်ရှင်အစီအစဉ် “လေးစားဖွယ်ရာ လက်မှုပညာရှင်” မြန်မာနောက်ခံစကားပြော မှတ်တမ်းရုပ်ရှင် - ဆေးတံဆရာကြီး လေးကျိုးချန်
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
ဆေးတံသည် နိုင်ငံခြားမှ ဝင်ရောက်လာသော သွင်းကုန်ပစ္စည်းဖြစ်သည်။ တရုတ်နိုင်ငံတွင် အနောက်တိုင်း၏ ရိုးရာလက်မှုပညာ နည်းလမ်းများအတိုင်း တစ်သဝေမတိမ်း ကြပ်မတ်စွာ ဆေးတံပြုလုပ်သည့် “ဆေးတံပညာရှင်”မှာ အယောက် ၂၀ မကျော်ပေ။ ဆေးတံအကြောင်း တစိုးတစိမျှပင် မသိရှိသည့် အပြင်လူတစ်ယောက်အဖြစ်မှ တရုတ်နိုင်ငံ၏ လက်လုပ်ဆေးတံပညာရှင် ပထမမျိုးဆက် ဖြစ်လာသည့်တိုင်အောင်ပင် သူသည် ဆေးတံကို မျိုးနွယ်စုတစ်ခု ဖြစ်လာစေသည်အထိ စွမ်းဆောင်လုပ်ကိုင်နိုင်ခဲ့သည်။ ကျွန်မတို့အားလုံးအတူ ဆေးတံပြုလုပ်သူ ချန်ချန့်ချုန်း (Chen Cancong) အကြောင်းကို လေ့လာကြည့်ကြရအောင်လားရှင့်။