Chinese Touch - လက်ဖက်ရည်ကြမ်းဆိုင်နှင့် လက်ဖက်ရည်ကြမ်းအနုပညာ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-12-02 14:06:53


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



တရုတ်နိုင်ငံသည် လက်ဖက်၏ မွေးရပ်ဌာနေ ဖြစ်သည်။ တရုတ်လူမျိုးများ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းသည် လူမှုဘဝအနုပညာ၏ သရုပ်ဖော်တင်ပြမှု ဖြစ်ပြီး ဂန္ထဝင်မြောက်သည့် လူမှုယဉ်ကျေးမှု ပန်းချီကားတစ်ချပ်သဖွယ် ဖြစ်ပေသည်။


WeChat Image_20211203104750.jpg


လက်ဖက်ရည်ကြမ်းဆိုင်သည် လက်ဖက်ရည်ကြမ်း ကြိုက်နှစ်သက်သူများ၏ ပျော်မွေ့ရာနေရာ ဖြစ်ပြီး လူတို့ အနားယူရန်၊ အချိန်ကုန်ဆုံးရန်နှင့် ပေါင်းသင်းဆက်ဆံမှုပြုရန် နေရာတစ်ခုလည်း ဖြစ်သည်။ လူများက လက်ဖက်ရည်ကြမ်းဆိုင်သို့ လာရောက်ပြီး လက်ဖက်ရည်ကြမ်းတစ်အိုးဖျော်ကာ ဘဝအကြောင်း ထွေရာလေးပါး ပြောဆိုကြခြင်း၊ အကြောင်းသတင်းထူးများ ပြောဆိုကြခြင်းများ ပြုလုပ်ကြပါသည်။ ပြဇာတ်နားထောင်ရင်း အရသာရှိသည့် သရေစာအချိုပွဲများကို မြည်းစမ်းသုံးဆောင်ကာ အလွန်ပင် သဘောတွေ့စေပါသည်။


WeChat Image_20211203104753.jpg


လက်ဖက်ရည်ကြမ်းအနုပညာသည် ယဉ်ကျေးမှုတစ်မျိုး ဖြစ်သည်။ လက်ဖက်ခြောက်ရွေးချယ်မှု၊ ရေရွေးချယ်မှု၊ လက်ဖက်ရည်ကြမ်းကျိုချက်ခြင်း အတတ်ပညာ၊ လက်ဖက်ရည်ကြမ်းအသုံးအဆောင်ပစ္စည်းဆိုင်ရာ အနုပညာ၊ ပတ်ဝန်းကျင်ရွေးချယ်ဖန်တီးမှု စသဖြင့် အကြောင်းအရာများ ပါဝင်ပါသည်။ လက်ဖက်ရည်ကြမ်းအနုပညာသည် လက်ဖက်ရည်ကြမ်း၏ သန့်စင်သိမ်မွေ့ရိုးစင်းသည့် ဟန်အနေအထားကို အမွှမ်းတင်ကာ လက်ဖက်ရည်ကြမ်း သုံးဆောင်ခြင်းကို အနုပညာဆွဲဆောင်အားများနှင့် ပြည့်စုံစေပါသည်။