“လေးစားဖွယ်ရာ လက်မှုပညာရှင်” - တုံးယွမ်ကျေးရွာက သစ်သားစာလုံးပုံနှိပ်ဖြင့် မျိုးရိုးမှတ်တမ်းတင်သူ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-27 18:45:01


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။ 


“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။ 



“မျိုးရိုးမှတ်တမ်း” ဟူသည် ခေတ်သစ်လူနေမှုပုံစံများနှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့သော ဝေါဟာရတစ်ခု ဖြစ်သည်။ သို့သော်လည်း ယနေ့အထိ “မျိူးရိုးမှတ်တမ်းတင်သူ” အလုပ်ကို ဆက်လက်လုပ်ကိုင်နေသူများလည်း ရှိပါသည်။ စာလုံးအကွက်တုံးလေးများကို ရွေးထုတ်ကောက်ယူခြင်း၊ ပုံနှိပ်စာလုံးများစီခြင်းနှင့် မျိုးရိုးမှတ်တမ်းပြင်ခြင်းတို့သည် ဝမ်ချောင်းဟွေး (Wang Chaohui) ၏ ဘဝသက်တမ်း တစ်ဝက်ကျော်ကြာ အသက်မွေးဝမ်းကြောင်းပြုခဲ့သော အလုပ်ဖြစ်ပြီး သူတို့ဝမ်မျိုးနွယ်မိသားစု၏ မျိုးရိုးစဉ်ဆက် အဆင့်ဆင့်လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့သော အလုပ်လည်း ဖြစ်ပေသည်။ ကျွန်မတို့နှင့်အတူ ကျဲကျန်းပြည်နယ် ဝင်းကျိုးမြို့ တုံးယွမ်ကျေးရွာမှ သစ်သားစာလုံးပုံနှိပ်ပညာ၏ မျိုးဆက် (၁၄) ဆက်မြောက် လက်ဆင့်ကမ်း အမွေဆက်ခံသူ၊ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြု အမွေဆက်ခံသူတစ်ဦးဖြစ်သည့် ဝမ်ချောင်းဟွေး (Wang Chaohui) အကြောင်းကို လေ့လာကြည့်ကြရအောင်။