Chinese Touch - ချီဖောင်ဝတ်စုံ

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-25 18:16:18


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးတင်ဆက်ပေးထားပါသည်။



ချီဖောင်ဝတ်စုံသည် တရုတ်နိုင်ငံနှင့် ကမ္ဘာတစ်ဝှမ်းရှိ တရုတ်နွယ်ဖွား အမျိုးသမီးများ၏ ရိုးရာဝတ်စုံဖြစ်ပြီး တရုတ်နိုင်ငံ၏ ရှည်ကြာသော ဝတ်စားဆင်ယင်မှုယဉ်ကျေးမှုများအနက် ထည်ဝါတောက်ပသည့် ပုံရိပ်အသွင်အပြင်နှင့် သဏ္ဌာန်တစ်ခုလည်း ဖြစ်ပေသည်။ ၎င်းဝတ်စုံကို “တရုတ်အမျိုးသား ရှေးဟောင်းရိုးရာယဉ်ကျေးမှု၏ အနှစ်သာရ” နှင့် “အမျိုးသမီးများ၏ နိုင်ငံ့ရိုးရာဝတ်စုံ” ဟု တင်စားသတ်မှတ်ကြသည်။


၁၉၉၀ ခုနှစ် ပေကျင်းအာရှအားကစားပြိုင်ပွဲမှ စတင်၍ တရုတ်နိုင်ငံ၌ အသီးအသီး ကျင်းပပြုလုပ်ခဲ့ကြသည့် အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ နိုင်ငံတကာညီလာခံများနှင့် ပြပွဲများ စသည်တို့တွင် အများအားဖြင့် ချီဖောင်ဝတ်စုံကို အခမ်းအနားဝတ်စုံအဖြစ် ရွေးချယ်ဝတ်ဆင်ကြသည်။



ယနေ့ခေတ်လူမှုဘဝတွင် ချီဖောင်ဝတ်စုံကို နှစ်သက်သည့် အမျိုးသမီး ပိုပိုများပြားလာလေသည်။ ရိုးရာအငွေ့အသက်များစွာ ပါဝင်ပြီး ခန္ဓာကိုယ်ကောက်ကြောင်းကိုလည်း ပြီးပြည့်စုံစွာ ဖော်ပြနိုင်သည့် ချီဖောင်ဝတ်စုံသည် ဖက်ရှင်၏ အချစ်တော် ဖြစ်လာခဲ့ပေသည်။


၂၀၁၁ ခုနှစ် မေလတွင် ချီဖောင်ဝတ်စုံ လက်ချုပ်ချုပ်လုပ်ခြင်းလက်မှုပညာသည် နိုင်ငံတော်ကောင်စီမှ အတည်ပြုထုတ်ပြန်ထားသော တတိယအသုတ် နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များအနက်မှ တစ်ခုဖြစ်လာခဲ့ပါသည်။