“လေးစားဖွယ်ရာ လက်မှုပညာရှင်” - သေးငယ်အောင်လုပ်ထားသော အချိန်ကာလများ
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
ဤကဲ့သို့သော လက်တစ်စုံရှိပါသည်...... ယင်းသည် အတိတ်က ပုံရိပ်များကို ပြန်လည်ပုံဖော်နိုင်သည်။ နီယွန်မီးတန်းများဖြင့် လင်းလက်လှပနေသည့် ဟောင်ကောင်မြို့ပြကြီးထဲတွင် လမ်းဘေးစားသောက်ဆိုင်ခန်းများမှ ဆီရွှဲရွှဲစိုနေသော ပန်းကန်လုံးနှင့်တူများ၊ အနီးနားရှိ ဆံသဆိုင်မှ အာကာသယာဉ်နှင့်တူသည့် ထိုင်ခုံ စသဖြင့် သူသည် ခေတ်မီမှုများဖြင့် လွှမ်းမိုးထားခံရသော ရှေးဟောင်းပုံစံများကို ပြန်လည်ဖော်ထုတ်ပြီး လွဲချော်ချက် တစ်စုံတစ်ရာမျှမရှိပဲ အမှတ်တရများထဲမှ ပုံစံများအတိုင်း ပြန်လည်ပြုလုပ်နိုင်သည်။ ကျွန်မတို့ အတူတူ အသေးစားပုံစံငယ် ဖန်တီးသူ လက်မှုပညာရှင် လီချစ်မင် (Li Chiming) အကြောင်း လေ့လာကြည့်ကြရအောင်။