“လေးစားဖွယ်ရာ လက်မှုပညာရှင်” - ပေကျင်းပန်းပဲဆရာ ယဉ်ကျေးသောလူကြမ်းကြီး

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-13 17:41:05


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။ 


“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။ 



“သူ”သည် မြို့ငယ်လေးထဲရှိ ပန်းပဲဖိုဆိုင်၏ သံတူထုရိုက်သံများကြားတွင် ကြီးပြင်းလာခဲ့သူတစ်ဦး ဖြစ်သည်။ ပေကျင်းမြို့တွင် သွားရောက်လုပ်ကိုင်ကာ နာမည်ကျော် ပန်းချီဆရာတစ်ဦးအဖြစ် နေရာရလာပြီးနောက်ပိုင်းတွင် အမှတ်တရများထဲမှ ပန်းပဲဖိုဆိုင်လေး ပြန်ရှာမတွေ့တော့သည်ကို သတိထားမိသွားပါသည်။ လက်မှုပန်းပဲပညာကို စက်မှုလုပ်ငန်းများမှ နင်းခြေအနိုင်ယူ၍ တိမ်ကောပျောက်ကွယ်သွားမည်ကို မလိုလားသောကြောင့် သူသည် သံတူကိုယူ၍ နေထွက်ချိန်မှစ၍ အလုပ်ဝင်ပြီး နေဝင်ချိန်မှ အနားယူသည့်  ပန်းပဲဆရာတစ်ဦး ဖြစ်လာခဲ့ပါသည်။ “သူ” အဖြေကို ရှာတွေ့နိုင်မည်လော။ ကျွန်မတို့ အတူတူ ပန်းပဲဆရာ ချိုက်တဲချွမ် (Cai Dequan) အကြောင်းကို လေ့လာကြည့်ကြရအောင်။