“လေးစားဖွယ်ရာ လက်မှုပညာရှင်” - ပေကျင်းမြို့နဲ့ ကျင်သယ်ကျန့်မြို့တို့ တွေ့ဆုံခြင်း

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-11-06 15:55:00


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။ 



“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။ 


“သူ”သည် ယခင်က လက်မှုပညာရပ်နှင့် မထိတွေ့ခဲ့ဖူးသောသူတစ်ဦးဖြစ်ပြီး ပေကျင်းတွင် စက်မှုဒီဇိုင်းပညာရှင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ကာ အချိန်လေးနှစ်အတွင်းမှာပင် ကြွေထည်လက်မှုပညာရှင်တစ်ဦး အဖြစ်သို့ ပြောင်းလဲလာခဲ့သည်။ သူ၏ လက်ရာပစ္စည်းများကို အချိန် ၂ နှစ် ကြိုတင်မှာယူလျှင်ပင် ရရှိနိုင်ရန် မသေချာပေ။ ဤလေးနှစ်တာကာလအတွင်း သူ့အတွက် ဘယ်လို အပြောင်းအလဲတွေ ဖြစ်ခဲ့ပါသလဲ။ ကြွေထည်လက်မှုပညာရှင် Dong Quanbing အကြောင်း အတူတူလေ့လာကြရအောင်။