“လေးစားဖွယ်ရာ လက်မှုပညာရှင်” - ရဲရင့်ပြီး ကြင်နာတတ်တဲ့ ရှီဘိုလေး

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-10-30 22:00:23


ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။ 



“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။ 


ယနေ့တင်ဆက်မည့် အစီအစဉ်တွင် အရည်အသွေး စစ်မှန်ကောင်းမွန်သော ကုန်ကြမ်းပစ္စည်းများကိုသာ အစဉ်တစိုက် အသုံးပြု၍ ဦးချိုသဏ္ဍာန်ရှိ လေးများ ပြုလုပ်သည့် ရှီဘို(Sibe)လူမျိုး လက်မှုပညာရှင် Yi Chunguang အကြောင်းအား သင့်အတွက် မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။


WeChat Image_20211030090811.jpg


လက်နက်အေးခေတ်ကာလတွင် လေးနှင့်မြားသည် အသက်အန္တရာယ် အရှိစေနိုင်ဆုံး လက်နက်တစ်မျိုးဖြစ်ပြီး လေအဟုန်ကဲ့သို့ အရှိန်ဖြင့် မီတာရာချီ အကွာအဝေးမှပင် အဓိက ပင်မကျသော နှလုံးကို ဖောက်ထွင်းနိုင်စွမ်း ရှိသည်။


Yi Chunguang သည် ရှေးဟောင်းစာပေများကို လှန်လှောရှာဖွေ၍ ရှီဘိုလူမျိုးများ၊ ဝါရင့်သူများနှင့် ဆွေမျိုးများထံသို့ သွားရောက်မေးမြန်း လေ့လာပြီး ရှီဘိုလေး၏ ပျောက်ဆုံး‌နေခဲ့သည့် လက်မှုလုပ်ထုံး အသေးစိတ် လုပ်ငန်းစဉ်ပေါင်း ၂၀၀ ကျော်ကို တစ်စတစ်စချင်းစီ ပြန်လည်ပုံဖော် ထုတ်လုပ်ခဲ့သည်။


ယခုအချိန်တွင် Yi Chunguang ပြုလုပ်သည့် ရှီဘိုရိုးရာ လေးသည် ရှင်းကျန်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းခံထားရပြီး တောင်ဆိတ်ဦးချိုကို အသုံးပြု၍ လေးပြုလုပ်နိုင်သည့် အထူးခွင့်ပြုချက်ကို ရရှိထားသည်။