“လေးစားဖွယ်ရာ လက်မှုပညာရှင်” မြန်မာနောက်ခံစကားပြော မှတ်တမ်းရုပ်ရှင် - ပေကျင်းမြို့က တရုတ်စောင်းပြုလုပ်သူ
ဗီဒီယိုကို China Intercontinental Communication Center မှ ပံ့ပိုးကူညီထားပါသည်။
“လေးစားဖွယ်ရာ လက်မှုပညာရှင်” ရိုက်ကူးရေးအဖွဲ့သည် လက်မှုပညာရှင်နှလုံးသားကို ပိုင်ဆိုင်ထားသည့် လက်မှုပညာရှင် အယောက်(၂၀)၏ လက်မှုအနုပညာလူမှုဘဝတို့ကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်အောင် ပုံဖော်ရိုက်ကူးကာ ရုပ်သံမှတ်တမ်းတိုသဏ္ဌာန်ဖြင့် ပြောင်မြောက်သေသပ်သော လက်ရာပစ္စည်း အမျိုး (၂၀)နှင့် နေရာဒေသအသီးသီး၏ ယဉ်ကျေးမှုဓလေ့များကို ဖော်ပြတင်ဆက်ထားပါသည်။
တရုတ်ရှေးဟောင်းစောင်းသည် ဝေ့ကျင့်မင်းဆက်ခေတ်မှ စာပေပညာရှင်များ၏ အပြင်လောကနှင့် ကင်းကွာပြီး အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် အပန်းဖြေနေထိုင်လိုမှုအတွက် စိတ်ထွက်ပေါက်တစ်ခုဖြစ်ပြီး ယနေ့ခေတ်မြို့ပြ၏ ဆိတ်ငြိမ်အေးချမ်း သာယာကြည်နူးဖွယ် တေးသွားလည်း ဖြစ်ပါသည်။ တစ်ချိန်က အရပ်လေးမျက်နှာတစ်ခွင် မိုးအဆုံး မြေအနှံ့ လှည့်လည်သွားလာခဲ့ဖူးသည်။ စီးပွားရေးလောကတွင်လည်း ကျင်လည်ခဲ့ဖူးသည်။ သို့ပေမဲ့ အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့ပြီး အနှစ်(၂၀)တိုင်တိုင် တရုတ်ရှေးဟောင်းစောင်းကို တစိုက်မတ်မတ် စိတ်နှစ်၍ ဖန်တီးပြုလုပ်ခဲ့သည်။ ဤသည်မှာ ရှာဖွေစူးစမ်းလေ့လာရန် ဖြစ်သကဲ့သို့ မိမိနှင့် အကျွမ်းတဝင် ရင်းနှီးလေးနက်စွာ နားလည်ခံစားပေးနိုင်သူ အတွက်လည်း ဖြစ်ပါသည်။ ကျွန်မတို့အားလုံးအတူတူ တရုတ်ရှေးဟောင်းစောင်းပြုလုပ်သူ ဖန့်ကဲ (Fan Ge) အကြောင်းကို လေ့လာကြည့်ကြရအောင်လားရှင့်။