ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - “ဆောင်းဦးလယ် အံ့ဖွယ်ခရီးစဉ်” မှ “ဆောင်းဦးကောက်နှံ” ၊ “တမ်းတတယ်ဆို တမ်းတလိုက်ပါ” ၊ “လဗိမာန်နန်း”
ဗီဒီယိုကို Henan Broadcasting System မှ ပံ့ပိုးကူညီထားပါသည်။
“ဆောင်းဦးလယ် အံ့ဖွယ်ခရီးစဉ်” သည် တရုတ်ရိုးရာယဉ်ကျေးမှုကို အထောက်အကန်အဖြစ် ယူ၍ ပေါင်းစည်းခြင်းကို အဓိက အကြောင်းအရာအဖြစ် ထားရှိကာ လုံးဝအသစ်ဖြစ်သော အမြင်အာရုံခံစားမှုပွဲတော် မြင်ကွင်းတစ်ခုကို တင်ဆက်ဖော်ပြထားပါသည်။ “ဆောင်းဦးကောက်နှံ” သည် မတူညီကွဲပြားသည့် မင်္ဂလာကျက်သရေဆောင် ဖျော်ဖြေမှုပုံစံများဖြစ်သော ဗုံတီးခြင်း၊ နဂါးကခြင်း၊ ကုလားမခြေထောက်လျှောက်ခြင်း စသည်တို့ကဲ့သို့ အရပ်ဘက် ပွဲတော်ကြိုဆိုဆင်နွှဲသည့် လှုပ်ရှားမှုများဖြင့် ဆောင်းဦးလယ်ည၏ ပုံရိပ်မြင်ကွင်းကို ပုံဖော်ကာ တောင်းဆုမေတ္တာများ ပို့သပေးပြီး ပေါင်းစည်းညီညွတ်ခြင်းမင်္ဂလာနှင့် ပြည့်စုံသော အခြေအနေတစ်ရပ်ကို ပေါ်လွင်ထင်ရှားစေပါသည်။
“ဆောင်းဦးကောက်နှံ”
“တမ်းတတယ်ဆို တမ်းတလိုက်ပါ” သည် ဟတ်ကာယဉ်ကျေးမှုနှင့် Heluo ယဉ်ကျေးမှု အရင်းအမြစ်များကို ဖော်ပြထားပြီး ပြင်းပြသော လွမ်းဆွတ်တမ်းတမှု ခံစားချက်ကို ပုံဖော်ထားပါသည်။ အစီအစဉ်သည် အတွေးနှင့်လက်တွေ့ ပေါင်းစပ်မှုပုံစံကို အသုံးပြု၍ ရိုက်ကွင်း Setting တည် ရိုက်ကူးမှု + VR ဖန်တီးမှုများ ပြုလုပ်ပြီး Zhou Shen မှ သီဆိုဖျော်ဖြေ တင်ဆက်ထားပါသည်။
“တမ်းတတယ်ဆို တမ်းတလိုက်ပါ”
“လဗိမာန်နန်း” သည် “ဆောင်းဦးလယ်ညရဲ့ လနတ်သမီး ချန်အော်(Chang’e)” ဒဏ္ဍာရီပုံပြင်ကို အခြေခံ၍ ဖြတ်ညှပ်ကပ်နည်းပညာကို အသုံးပြုပြီး ချန်အော်(Chang’e) ၊ ကျောက်စိမ်းယုန်၊ လကမ္ဘာနှင့် လဗိမာန်နန်းမှ တောက်ပြောင်လှပသော နေထိုင်မှုတို့ကို ပေါ်လွင်မြင်သာအောင် ပုံဖော်ထားပါသည်။ ချန်အော်(Chang’e) ၊ ကျောက်စိမ်းယုန်တို့သည် လကမ္ဘာစူးစမ်းလေ့လာရေး အာကာသယာဉ်မှူးနှင့် ကြားခံဖန်သားပြင်မှတစ်ဆင့် အပြန်အလှန် တုံ့ပြန်လုပ်ဆောင်မှုများ ပြုလုပ်ထားသေးပြီး တရုတ်နိုင်ငံ လကမ္ဘာစူးစမ်းလေ့လာရေးလုပ်ငန်း၏ ကောင်းမွန်သော မျှော်လင့်ချက်များကို လက်ဆင့်ကမ်းပေးပါသည်။
“လဗိမာန်နန်း”