ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား - “ခံစားနားဆင် ဆောင်းဦးတေးသံစဉ်” ကဏ္ဍ “ဧရာမငါး” ၊ “ကောင်းကင်မြို့တော်”
ဤအစီအစဉ်တွင် တရုတ်ရိုးရာတေးတူရိယာများဖြင့် လူကြိုက်များ ရေပန်းစားသော ဂန္ထဝင်တေးသွားများကို ပြန်လည်ရေးဖွဲ့ဖန်တီးပြီး တရုတ်နှင့် အနောက်တိုင်းတို့ကို ပေါင်းစပ်ပုံဖော်၍ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပိုင်းကို ပေါင်းစပ်ထားသည်။ ရှေးရိုးရာနှင့် ခေတ်သစ်တို့၏ တေ့တေ့ဆိုင်ဆိုင် တင်ဆက်မှုမျိုးကို ကျွန်မတို့အတူတကွ ခံစားနားဆင်ကြည့်ရအောင်လားရှင့်......
“ဧရာမငါး”
Zhongruan(ကျုံးရွမ်)တူရိယာနှင့် Guzheng(ကူကျိန်း) ဗျပ်စောင်းတို့၏ ငြိမ့်ညောင်းသာယာမှု၊ Erhu(အယ့်ဟူ) မင်ဒလင်နှင့် Pipa(ဖီဖ) ဗျပ်စောင်းတို့၏ အသံမြင့်ဟစ်ကြွေးမှုတို့ဖြင့် “ဧရာမငါး”ကို တေးကဗျာပမာ သက်ဝင်လှုပ်ရှား စိတ်ဝင်စားဖွယ် တင်ဆက်ထားသည်။ ဤအနုစိတ်ပြီး တလွမ်းတဆွေး ဖြစ်စေသည့် စိတ်ခံစားမှုသည် သင့်အား ဧရာမငါးကြီးများ အစုလိုက်အပြုံလိုက် တသီတသန်းကြီးနှင့်အတူ တွေ့ဆုံနေရသည့်အလား၊ ပြာလဲ့လဲ့ တိမ်ပြင်များအကြား ရောက်ရှိဖြတ်သန်းနေသည့်အလား၊ နေဝင်ဆည်းဆာ ရောင်ခြည်ဖြာများအကြား ပျော်ဝင်သွားမိသည့်အလား ခံစားရစေမည်ဖြစ်သည်။
“ကောင်းကင်မြို့တော်”
“ကောင်းကင်မြို့တော်”ကို Xun(ရွှင်း)တီးမှုတ်တူရိယာ၏ အနှောင်အဖွဲ့ကင်း လွတ်လပ်မှု၊ ခင်ပြွေ၏ ရှည်ကြာညောင်းမှု၊ ဝါးပြွေ၏ ငြိမ်သက်အေးချမ်းမှုတို့ဖြင့် အခြားနှင့်မတူညီ ကွဲပြားထူးခြားသော ခံစားမှုမျိုး ဖြစ်ပေါ်ခံစားရစေသည်။ သင် နားဆင်ပြီးနောက် ဟိုးအရင်ချိန် အစောဆုံးကာလ၏ စိတ်ကူးအိပ်မက်နှင့် အိပ်မက်ကို အရယူကြိုးပမ်းလိုသော စိတ်သတ္တိကို ပြန်လည်အမှတ်ရ တမ်းတကောင်း တမ်းတသွားစေပါလိမ့်မည်။