ပြိုင်တူခံစား ဤကမ္ဘာတစ်လွှား စူးကျိုးတီးခတ်တေးအလင်္ကာ (Suzhou Tanci) - “မြွေဖြူ - ဆောင်းဦးလယ်အလှရသခံစားမှု”

အရင်းအမြစ် - ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာထုတ်ပြန်ချိန် - 2021-10-04 12:49:05


WeChat Image_20210921103145.jpg


ဗီဒီယိုကို  CHINESE BALLAD SINGERS ASSOCIATION မှ ပံ့ပိုးကူညီထားပါသည်။



စူးကျိုးတီးခတ်တေးအလင်္ကာ (Suzhou Tanci) သည် စူးကျိုး(Suzhou) ဒေသိယစကားဖြင့် အကြောင်းအရပ်ဖော်ပြခြင်းကို အဓိကထားသော စကားပြောဟန်ဖြင့် တေးသီကျူးသည့် အနုပညာဖြစ်ပြီး တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း၌ ထည့်သွင်းသတ်မှတ်ခြင်း ခံခဲ့ရပါသည်။ “မြွေဖြူ - ဆောင်းဦးလယ်အလှရသခံစားမှု” ကို “မြွေဖြူဒဏ္ဍာရီ” အရပ်ဘက်အချစ်ဒဏ္ဍာရီပုံပြင်မှ ရွေးချယ်ဖော်ပြထားခြင်းဖြစ်ပြီး ရှေးခေတ်တရုတ်လူမျိုးများ၏ ချစ်ခြင်းမေတ္တာအပေါ် တင်စားဖွဲ့ညွှန်းမှုနှင့် မျှော်လင့်တောင့်တမှုတို့ကို ဖော်ပြထားပါသည်။ “ဆောင်းဦးလယ်အလှရသခံစားမှု” သည် ဆောင်းဦးလယ်လမုန့်ပွဲတော်အခါသမယ၌ Bai Niangzi နှင့် Xu Xian တို့က ဆေးဆိုင်အလုပ်များကို ထားခဲ့ပြီး ကန်ရေပြင်ထက် လှေစီးနင်းကာ ရှန်းထန်(Shantang)လမ်းရှိ အပျော်စီးလှေတွင် လမင်းကြီးကို ရှုမျှော်ခံစားသည့် အကြောင်းဇာတ်လမ်းကို တင်ပြထားခြင်း ဖြစ်ပါသည်။


849fdf98cc20a839c1372dce6012517d.jpg