စနေနေ့ရုပ်ရှင်အစီအစဉ် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” မှတ်တမ်းရုပ်ရှင် - “တွန်းဟွမ်ကျမ်းစာမှ ပန်းချီအဖြစ်သို့”
ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာမှ ယခုအပတ် “စနေနေ့ရုပ်ရှင်အစီအစဉ်”တွင် “အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်” Season (3)၏ အပိုင်း(၉) - “တွန်းဟွမ်ကျမ်းစာမှ ပန်းချီအဖြစ်သို့” မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုသူ ပရိတ်သတ်အပေါင်းတို့အတွက် တင်ဆက်ပြသပေးသွားမည် ဖြစ်ပါသည်။
ဗီဒီယိုအား China Media Group (CMG) မှ ကူးယူဖော်ပြထားပါသည်။
မှတ်တမ်းရုပ်ရှင်
အကယ်၍ နိုင်ငံ့ရတနာတွေသာ စကားပြောတတ်ခဲ့သည်ရှိသော်(Season 3)
အပိုင်း (၉) - တွန်းဟွမ်ကျမ်းစာမှ ပန်းချီအဖြစ်သို့
ကြာချိန် - (၅) မိနစ်
အကြောင်းအရာမိတ်ဆက်အကျဉ်း
ကျမ်းစာပန်းချီသည် အချို့သော ဗုဒ္ဓကျမ်းစာများ၏ အတွေးအခေါ် အကြောင်းအရာများကို ရုပ်ပုံများအသွင်ဖြင့် ရှင်းလင်းဖော်ပြထားခြင်း ဖြစ်သည်။ တွန်းဟွမ် မော့ကောင်းလိုဏ်ဂူ၏ ထန်မင်းဆက်ခေတ်လိုဏ်ဂူထဲတွင် တရုတ်နိုင်ငံ၏ အပြည့်စုံဆုံးနှင့် အရောင်အသွေး အစုံလင်ဆုံး ကျမ်းစာပန်းချီများကို ထိန်းသိမ်းထားလျက်ရှိသည်။
ပန်းချီကားထဲရှိ ဗုဒ္ဓတိုင်းပြည်ကြီးတွင် ခမ်းနားထည်ဝါသော အဆောက်အဦများ၊ စိမ်းစိုဝင်းလက်သော ရွက်နုပွင့်ဖတ်များ၊ ပစ္စေကဗုဒ္ဓနှင့် နတ်အပေါင်း အစရှိသည်တို့နှင့် လက်တွင် ဂီတတူရိယာများနှင့် ဝရဇိန်လက်နက်များ ကိုင်ဆောင်ထားပြီး တောက်ပြောင်လှပသော ဝတ်ရုံတို့ကို ဆင်မြန်းထားကာ ဗုဒ္ဓတိုင်းပြည်ကြီး၏ ကြီးကျယ်ခမ်းနားမှု၊ ပျော်ရွှင်ချမ်းမြေ့မှု၊ အေးချမ်းသာယာမှု၊ ငြိမ်းချမ်းမှုတို့နှင့် ပြည့်နှက်နေသည့် မြင်ကွင်းများကို ဖော်ပြနေပါသည်။
ဗုဒ္ဓကျမ်းစာပါအကြောင်းအရာများအပြင် လူမှုဘဝအကြောင်းအရာ အများအပြားကိုလည်း ကျမ်းစာပန်းချီထဲတွင် ရုပ်လုံးကြွထင်ဟပ်စွာ တွေ့မြင်နိုင်ပါသည်။ ဤသည်မှာ လူသားတို့ တောင့်တလျက်ရှိသော သုခဘုံပင်ဖြစ်သည်။